www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

ကမ္ဘာ့ပညာရေးပြပွဲကြီး မန္တလေးမြို့တွင် ကျင်းပမည်


မန္တလေး ၊ ၁၆-၃-၂၀၁၆

Regent Education ပညာရေး ကုမ္ပဏီမှ ကြီးမှူး၍ ကမ္ဘာ့ပညာရေး ပြပွဲကြီး World Class Education Exhibition 2016 ကို မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ မန္တလေး မဟာအောင်မြေ မြို့နယ် ဟိုတယ် မန္တလေး၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပြပွဲ ကြီးတွင် UK ၊ USA ၊ Australia ၊ Newzealand ၊ Canada ၊ China နှင့် Singapore နိုင်ငံတို့ရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁ဝဝ ကျော်မှ ကျောင်း တာဝန်ခံ များနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း ၊ မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ် များကို ရွေးချယ်၍ မည်သည့်နိုင်ငံ၊ မည်သည့် တက္ကသိုလ်တွင် မည်သည့် Scholarship နှင့် တက်ရောက် နိုင်မည်ကို သိရှိနိုင်ခြင်း၊ မတူညီသော နိုင်ငံတကာ ပညာရေး စနစ် နှင့် ဗီဇာအတွက် ပြင်ဆင်ပုံ များကို သိရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း၊ iGCSE ၊ American High School Diploma ၊ GCE'A Level ၊ IB ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ၊ NCC, ABE နှင့် HND အောင်မြင်ထား သူများ ၊ ဘွဲ့လွန်ပညာရပ် အတွက် မြန်မာနိုင်ငံမှ B.E, B.Tech, BBM, B.Com, B.C.Sc, B.A, B.Sc, M.B.B.S နှင့် B.Pham အောင်မြင် ထားသူများ လေ့လာနိုင်သည့် ပွဲလည်းဖြစ်ရာ တက်ရောက်လိုသူ များအနေဖြင့် Regent Consultancy Services Co., Ltd ဖုန်း ဝ၉- ၅ဝ၁၉၈၇ဝ၊ ဝ၉- ၇၈၅ဝ၁၉၈၇ဝ တို့သို့ ကြိုတင် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။ (ဝ၄၂)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger