www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်း အမှတ်စဉ်(၈)ဆင်း


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ပညာကောလိပ်မှ ဖွင့်လှစ်သည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်း အမှတ်စဉ် (၈) ဆင်းပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ အဆိုပါ ကောလိပ် စစ်ရေးပြကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ တွင် စံပြ အရာရှိလောင်း (ရေကြောင်း)နှင့် စာပေထူးချွန် (ရေကြောင်း) ဆုရ (ရ/၂၃၃၃) အရာရှိလောင်း နေရဲလွင်၊ စံပြ အရာရှိလောင်း (အင်ဂျင်နီယာ)နှင့် စာပေထူးချွန် (အင်ဂျင်နီယာ) ဆုရ (စ/၂၃၅၇) အရာရှိလောင်း ကောင်းထက်နိုင် နှင့် တပ်ခွဲအလိုက် အကောင်းဆုံး စစ်ရေးပြဆုရ ဘရဏီတပ်ခွဲ နှင့် ရေဝတီတပ်ခွဲ တို့အား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့သည်။

ကုန်သွယ် ရေကြောင်း အရာရှိလောင်း သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲ တွင် ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာ လက်မှတ်ရ ရေကြောင်းပညာ အရာရှိလောင်း ၆၄ ဦး၊ ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၆၉ ဦး စုစုပေါင်း ၁၃၃ ဦးအား မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ပညာကောလိပ်မှ မွေးထုတ် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြောင်းပညာ ကောလိပ်မှ ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်း အရာရှိလောင်း ၂၅၄ဝ ဦးနှင့် ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၂၄၈၅ ဦးအား လေ့ကျင့် သင်ကြား ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger