www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

နေရောင်ခြည် အပူချိန်လွန်ကဲ လာမှုကြောင့် ဆေးဆိုင်များ၌ ဓာတ်ဆားထုပ် ရောင်းချရမှုများလာ


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

နွေရာသီ အပူချိန် လွန်ကဲလာမှုနှင့် အတူ ပင်ပန်းနွမ်းနယ်မှု စသော ကျန်းမာရေး ပြဿနာ များကို ဂရုပြုရန် လိုအပ် လာသောကြောင့် ဆေးဆိုင်များ၌ ဓာတ်ဆားထုပ် ရောင်းချမှု များလာကြောင်း အင်းစိန် မြို့နယ်ရှိ ဆေးဆိုင်ပိုင်ရှင် များ၏ ပြောပြချက် အရ သိရသည်။

နွေရာသီ ပူပြင်းမှုသည် လူတို့၏ ခန္ဓာကိုယ် အတွင်း ရေဓာတ်ဆုံးရှုံး မှုနှင့်အတူ အပူအအေး မမျှတပါက အပူလျှပ်ခြင်း ဖြစ်ကာ အသက်ဆုံးရှုံး ရသည်အထိ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် နေပူထဲသို့ သွားရောက်ခြင်း ကို ရှောင်ကြဉ်နိုင်ရန်၊ မဖြစ်မနေ အပူရှိန်ရှိသော နေရာတို့သို့ သွားရောက် ရမည်ဆိုပါ ကလည်း အပူဒဏ် ကာကွယ်မှု အတွက် ထီး၊ ဦးထုပ် စသည်တို့ကို အကာအကွယ် ပြု၍ သွားလာကြရန် လိုအပ်ကြောင်း၊ ချွေးထွက် များလာပြီး ပင်ပန်းနွမ်းနယ် ၍ အားအင် ကုန်ခန်းမှုကို ခံစားလာရ ပါလျှင် သီးစုံဓာတ်ဆား ဖျော်ရည်ကဲ့သို့ အရည်မျိုးကို သောက်သုံးကြရန် လိုအပ်ကြောင်း၊ အပြင်မှ ပြန်လာပြီး လျှင်လည်း အဲကွန်း ဖွင့်ထားသော အခန်းထဲသို့ ချက်ချင်း ဝင်ရောက်ခြင်း နှင့် အေးလွန်းသော ရေခဲရေကို မသောက်သုံးခြင်း ကို ဂရုပြုသင့်ကြောင်း၊ အပူထဲမှ ပြန်ရောက်ရောက် ချင်း ရေချိုးခြင်း၊ ရေလောင်းခြင်း နှင့် ရေဖတ်တိုက်ခြင်း တို့ကိုလည်း မပြုလုပ် ကြရန် လိုအပ်ကြောင်း ကျန်းမာရေး ဌာနမှ အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များ ထုတ်ပြန် ထားသည်။

''အခုက နေပူရှိန် မြင့်လာတာကြောင့် ဆေးဆိုင်တွေ အနေနဲ့တော့ အပူချိန်ကြောင့် ချွေးထဲမှာ ပါသွားတဲ့ ဆားဓာတ်ကို ပြန်ဖြည့်တဲ့ ဓာတ်ဆားတွေ အရောင်းရဆုံး ပါပဲ။ ဓာတ်ဆားနှစ်မျိုး ရှိတဲ့ အထဲမှာလည်း လာဝယ်တဲ့ သူတွေက သီးစုံဓာတ်ဆားကို ဝယ်တာများတော့ အဲဒါပဲ အဓိက ရောင်းနေရတာ များပါတယ်'' ဟု အင်းစိန်မြို့နယ် ၌ ဆေးဆိုင် ဖွင့်လှစ် ရောင်းချနေသူ ကိုပြည့်စုံက ပြောသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၌ အပူဒဏ်ကြောင့် ဖြစ်သော ရောဂါများအား ကုသမှုပေး နိုင်ရန် ဆရာဝန်နှင့် သူနာပြု ၁ဝ ဦး ပါဝင်သော အထွေထွေ ရောဂါကုသမှု အဖွဲ့ကို ဖွဲ့စည်းကာ ဖေဖော်ဝါရီလမှ စတင်၍ ပြည်သူ့ ကျန်းမာရေး အတွက် အသင့်ပြင်ဆင် ထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းရောဂါကြောင့် ဆေးရုံသို့ ရောက်ရှိလာသော လူနာ မရှိသေးကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger