www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

ပြည်တွင်း၌ ရော်ဘာဈေးနှုန်း ကျဆင်းနေသော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ တန်ချိန် ၈၀၀၀၀ အထိ တင်ပို့နိုင်မည်



ရန်ကုန် ၊ ၁၄-၃-၂၀၁၆

ပြည်တွင်း၌ ရော်ဘာဈေး တစ်ပေါင်လျှင် ငွေကျပ် ၅၄ဝ အထိ ဈေးနှုန်းကျဆင်း နေသော်လည်း ယခု ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာ တန်ချိန် ၈ဝဝဝဝ အထိ တင်ပို့နိုင်မည် ဖြစ်ကြောင်း ရော်ဘာ စိုက်ပျိုး
ထုတ်လုပ်သူများ အသင်းမှ သိရသည်။

ယခုလက်ရှိ ရော်ဘာ ဈေးကွက်၌ RSS-3 ရော်ဘာ တစ်ပေါင်လျှင် ငွေကျပ် ၆ဝဝ ဝန်းကျင်မှ ငွေကျပ် ၅၄ဝ အထိ ဈေးနှုန်းကျဆင်း လာခဲ့သော်လည်း ပြည်ပ ဈေးကွက်သို့ ရော်ဘာတင်ပို့မှု ပုံမှန်ရှိနေဆဲ ဖြစ်သောကြောင့် ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်ကုန်ပိုင်းတွင် ရော်ဘာတန်ချိန် ၈ဝဝဝဝ အထိ တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က တန်ချိန် ၇ဝဝဝဝ ဝန်းကျင်ပဲ ပြည်ပကို တင်ပို့ နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပိုပြီး တင်ပို့နိုင်မယ့် အလားအလာ ရှိပါ တယ်။ ပြည်ပကိုတော့ ပုံမှန်တင်ပို့ နေတာတွေ ရှိပါတယ်။ ပြည်တွင်းမှာတော့ ရော်ဘာဈေးနှုန်း က တစ်ပေါင်ကို ငွေကျပ် ၆ဝဝ အောက် ရောက်နေ ပါတယ်'' ဟု ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ယခုနှစ်များ အတွင်း မြန်မာနိုင်ငံ မှ ပြည်ပသို့ ရော်ဘာတင်ပို့ ရာတွင် ရော်ဘာတစ်တန် လျှင် အမေရိကန် ဒေါ်လာ ၁၅ဝဝ အထိသာ အများဆုံး ရရှိခဲ့ဖူးကြောင်း၊ ထို့ကြောင့် ပြည်ပသို့ နှစ်စဉ် ရော်ဘာ တန်ချိန် သိန်းဂဏန်း အထိ တင်ပို့နိုင်ရန်မှာ မလွယ်ကူ သေးကြောင်း သိရသည်။

''ဒီနှစ်မှာတော့ မနှစ်ကထက် ပြည်ပတင်ပို့မှု ပိုများ နိုင်ပါတယ်။ နိုင်ငံတကာနဲ့ တန်းတူ ရော်ဘာတန်ချိန် သိန်းနဲ့ချီပြီး တင်ပို့နိုင် ဖို့က နှစ်ရှည်လများ စပြီးစိုက်ပျိုး တဲ့ မျိုးတွေကအစ စနစ်တကျနဲ့ ထုတ်လုပ်တဲ့ အချိန်ထိ အရည်အသွေး ကောင်းဖို့ လိုပါတယ်'' ဟု ရော်ဘာခြံ လုပ်ငန်းရှင် ဦးသန်းလှအောင် က ပြောသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ရော်ဘာ စိုက်ပျိုးမြေ ဧက ၁၅ သိန်း ရှိသည့်အနက် ခြံငယ် ဧက ၉ဝ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ပြည်တွင်းရှိ ရော်ဘာ လုပ်ငန်းများ အရည်အသွေး မြင့်တက် လာစေရေး အတွက် ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီလျက် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger