www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

ကိုက်တစ်ရာ အထိ တွေ့မြင်နိုင်သည့် ညကြည့်မှန်ပြောင်း




ညမြင်ကွင်းစနစ် ပါဝင်သော မျက်မှန်များကို တပ်ဆင်၍ ညအခါ၌ မိမိပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ သွားလာနိုင် သော်လည်း ၄င်းတို့က အမှောင်ထဲတွင် ဓာတ်ပုံရိုက်ကူးရန် အတွက် လိုအပ်သော မြင်ကွင်း အကွာအဝေးကို ပေးဆောင်နိုင်မည် မဟုတ်ပေ။

ယခုအခါ အပူဓာတ်ပုံရိပ်များ ဖော်ပြနိုင်သော စနစ်များမှာ စမတ်ဖုန်း အချို့တွင် ပါဝင်လာနိုင်ပြီ ဖြစ်၍ FLIR Scout TK ကို ဖန်တီး ရာတွင်လည်း အဆိုပါ နည်းပညာမှ စတင်ခဲ့ကြောင်း သိရသည်။ 

ညမြင်ကွင်းစနစ် ကဲ့သို့ အလင်းကိုချဲ့ ထွင်၍ ဖော်ပြခြင်း မဟုတ်ဘဲ FLIR Scout TK မှာ အပူဓာတ်ပုံရိပ် များကို ဖော်ပြ၍ အဝေးတွင် ရှိနေသော လူသူ၊ သတ္တ၀ါတို့၏ ခန္ဓာကိုယ်အပူချိန်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ 

FLIR Scout မှာ အလျားလေး လက်မအနံ ၁ ဒသမ ၅ လက်မရှိသည့် ညကြည့်မှန်ပြောင်း တစ်ခုဖြစ်၍ အလေးချိန်မှာ ခြောက်အောင်စ ခန့် ရှိသည်။ ဖုန်းတစ်လုံး ကဲ့သို့ အရွယ်အစား သေးငယ်၍ မိမိ သွားလေရာ ကိုင်ဆောင် သွားနိုင်ပြီး စခန်းချ ခရီးထွက်သည့် အချိန်များ တွင်လည်းကောင်း၊ ညအခါ ရှိုးပွဲတစ်ခု သွားရောက် ကြည့်ရှုရာတွင် လည်းကောင်း၊ မိမိ၏အိမ်ခြံဝင်း အတွင်း လုံခြုံရေးအတွက် ကြည့်ရှုရာ၌ လည်းကောင်း အသုံးပြုနိုင်သည်။ 

မှန်ပြောင်းတစ်ခုပါ FLIR Scout TK မှာ လူ၊ တိရစ္တာန်များနှင့် အရာဝတ္ထု များကို ကိုက်ပေါင်း ၁၀၀ အကွာအဝေးမှ နေ၍ တွေ့မြင်နိုင်ကြောင်း သိရသည်။ 

စမတ်ဖုန်း နှင့် ချိတ်ဆက်စရာ မလိုဘဲ ရုပ်ငြိမ်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း များကိုလည်း လုပ်ဆောင်နိုင်ပြီး ရိုက်ကူးသော မြင်ကွင်းများကို ၄င်း၌ ပါဝင်သည့် 640x480 resolution ရှိ LCD ဖန်သားပြင်၌ ကြည့်ရှုနိုင်သည်။။ FLIR Scout မှာ ပြင်ပလှုပ်ရှားမှု များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ရန် အတွက် ရေစိုလည်း ခံနိုင်ကြောင်း သိရသည်။ ပြင်ပလှုပ်ရှားမှု များကို လေးနာရီ ဆက်တိုက် ရိုက်ကူးနိုင်ပြီး ဘက်ထရီမှာ အားသွင်း၍ ရကြောင်း သိရသည်။ 

FLIR Scout မှာ အမေရိကန် ဒေါ်လာ ၆၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ၄င်းတို့၏ ၀က်ဘ်ဆိုက် ပေါ်တွင် ကြေငြာထားကြောင်း သိရသည်။ အချို့  ညမြင်ကွင်း ပါဝင်သော မှန်ပြောင်းများမှာ FLIR Scout ကဲ့သို့ အကွာအ ဝေးများ ကြည့်ရှုရန် အတွက် ဖန်တီးထားခြင်း မရှိဘဲ ဈေးနှုန်းမှာလည်း FLIR ထက် နှစ်ဆခန့် ပိုရှိတတ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger