www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော မော်တော်ယာဉ် စုစုပေါင်း ငါးထောင်ကျော်ရှိ ၊ ထိခိုက်ပျက်စီခဲ့သည့် ယာဉ် ၄၂၉ စီးအတွက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၅၀၁ ဒသမ ၆၇ သန်း ပေးလျော်ခဲ့


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

သုံးနှစ်တာ ကာလအတွင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သည် မော်တော်ယာဉ် အလုံးစုံ အာမခံထားရှိမှု အများဆုံး ဖြစ်ခဲ့ပြီး အာမခံ လျော်ကြေးငွေ အများဆုံး ပေးအပ်ခဲ့ ရသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသော ယာဉ်များတွင် Used များထက် Brand New များနှင့် အငှားယာဉ်များ အာမခံထားရှိမှု အများဆုံး ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အတွင်း မော်တော်ယာဉ် အစီးရေ တိုးပွား လာသည်နှင့်အမျှ ယာဉ် မတော်တဆ မှုများသည်လည်း အများဆုံး ဖြစ်ပွားလျက် ရှိသောကြောင့် အာမခံ ထားရှိမှု သည်လည်း များပြား လာရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်များအနက် ထိခိုက်ပျက်စီး ခဲ့သည့် ယာဉ် ၄၂၉ စီးအတွက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၅ဝ၁ ဒသမ ၆၇ သန်း ပြန်လည် ပေးလျော်ခဲ့ ရကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိမှု များလာစေရန် ယာဉ်ပိုင်ရှင် များကို တိုက်တွန်း နှိုးဆော်နေပြီး အာမခံလုပ်ငန်း တိုးတက် လာရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်း မော်တော်ယာဉ် အလုံးစုံ အာမခံစတင် ဆောင်ရွက်သည့် နှစ်ကစပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း အလုံးစုံ မော်တော်ယာဉ် အာမခံကြေးငွေ ပေးအပ်မှုများ ခဲ့ကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းသည် ပြည်တွင်း အာမခံ ထားရှိမှု တိုးတက်ရေး အတွက် ၂ဝ၁၃ ခုနှစ်ကစတင်၍ ပုဂ္ဂလိက အသွင် ကူးပြောင်းရေး လုပ်ဆောင်ခဲ့ရာ ယခုနောက်ပိုင်း နှစ်များတွင် တိုးတက်မှု ရှိလာခဲ့ကြောင်း၊ အများပြည်သူ အနေဖြင့် ယခင်က အာမခံ ထားရှိနိုင်ရန် သိရှိမှု နည်းပါးသည့် အတွက် ထိရောက်သော တိုးတက်မှု မရှိခဲ့ကြောင်း၊ ထို့အတွက် နိုင်ငံတကာ နည်းတူ အာမခံ လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ထားရှိနိုင်သော အာမခံ အမျိုးအစား များကိုလည်း တိုးမြှင့်ထားရှိခွင့် ပေးခဲ့ကြောင်း သိရသည်။

အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသည့် မော်တော်ယာဉ်များ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကြောင့်သော် လည်းကောင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သော် လည်းကောင်း အထောက်အထား ခိုင်လုံမှု ရှိသည်နှင့် လျော်ကြေးငွေ ပေးအပ်လျက် ရှိကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ယခု မတ်လဒုတိယပတ် အထိ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသော မော်တော်ယာဉ် စုစုပေါင်း ငါးထောင်ကျော် ရှိသည့်အနက် အာမခံ လျော်ကြေးငွေ ရရှိသော ယာဉ်အစီးရေ လေးရာကျော် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger