www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

၂၀၁၅ ခုနှစ် မြ၀တီရောင်စုံဓာတ်ပုံ ပြိုင်ပွဲနှင့် မြ၀တီမဂ္ဂဇင်း ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမူဆုရရှိသူများ စာရင်း ထုတ်ပြန်ကြေညာ


၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းဓာတ်ပုံပြိုင်ပွဲမှ အောင်ရဲနိုင် (အမရပူရ) ၏ ဆုရဓာတ်ပုံတစ်ပုံ

၂ဝ၁၅ ခုနှစ် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ နှင့် မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမူဆုရရှိ သူများ စာရင်းကို သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့ က ထုတ်ပြန်ကြေညာ လိုက်သည်။

မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် အောင်ရဲနိုင် (အမရပူရ) က ပထမ၊ ဦးဌေးဝင်း (ရမ္မာဝတီ) က ဒုတိယ၊ မျိုးမင်းကြွယ် (ရွှေတောင်ကြား) က တတိယ၊ ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း) က ပူးတွဲတတိယ နှင့် အထူးဆုများ အဖြစ် အာကာထွန်းကျော် နှင့် ဦးအေးကို (ဗမအ) တို့က အသီးသီး ရရှိကြသည်။

၂ဝ၁၅ ခုနှစ် အတွက် မြဝတီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆုကို ကာတွန်း မောင်ရွှေဝင်း က လည်းကောင်း၊ အကောင်းဆုံး ကဗျာဆုကို မင်းမောင်နွယ် (မွန်ဌာနီ) ၏ ''အားကျဂုဏ်ယူ လယ်တောသူ'' ကဗျာ က လည်းကောင်း၊ အကောင်းဆုံး ဆောင်းပါးဆု ကို မောင်ဆွေသက်၏  ''ကျွန်တော်နှင့် ရဲဘော်များ'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုတိုဆုကို ကျော်လွင် (စက်မှု) ၏ ''သွေးအေးသတ္တဝါ နှင့် သွေးနွေးသတ္တဝါ'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုရှည်ဆု ကို ဝမ်းထက်မိုး (ဇိန့်-အောင်လံ) ၏ ''တို့တွဲလက်တို့ ခိုင်မြဲစေ'' က လည်းကောင်း အသီးသီး ရရှိကြသည်။

၂ဝ၁၅ ခုနှစ်အတွက် ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆုကို ကာတွန်း သန့်စင် က လည်းကောင်း၊ အကောင်းဆုံး ကဗျာဆုကို မောင်စောထွန်း (ကျောင်းကုန်း )၏ ''အို...သားလူလှ'' ကဗျာ က လည်းကောင်း၊ အကောင်းဆုံး ဆောင်းပါးဆု ကို ကို(တက္ကသိုလ်) ၏ ''ညောင်းရွက်ကြွေလျှော'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုတိုဆု ကို ဆင်ဖြူကျွန်း အောင်သိန်း ၏ ''မှိုတစ်ကျင်းနှင့် မြွေတစ်ကောင်'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုရှည်ဆုကို မဂေါ်ဇီ၏ ''နုငယ်မေ့ မရသည့် ရင်နင့်ပန်း ကလေးများ'' က လည်းကောင်း အသီးသီး ရရှိကြသည်။

ဆုရရှိသူများ အနေဖြင့် မြဝတီစာပေတိုက် မြဝတီမဂ္ဂဇင်း ဖုန်း- ဝ၉- ၃ဝ၃ ၆၇၅၆၂၊ ငွေတာရီမဂ္ဂဇင်း ဖုန်း- ဝ၉-၃ဝဝ၈ ၁ဝ၁၈ နှင့် မြို့တွင်း (၃၂) လမ်း(ရုံးခွဲ) ဖုန်း-ဝ၉-၃၂၄၉ ၈၇၁၄ တို့သို့ ကြိုတင် ဆက်သွယ် သတင်းပို့ ကြရန်ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနား ကျင်းပမည့်နေရာ နှင့်ရက်ကို ထပ်မံ ကြေညာမည် ဖြစ်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger