www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 10, 2016

ဆေးပညာဘွဲ့ရဆရာဝန် နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲကျင်းပ



နေပြည်တော် ၊ ၁၀-၃-၂၀၁၆

ဆေးပညာဘွဲ့ရ ဆရာဝန် နှင့် သွားဘက် ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် လူအေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းကိုကို နှင့် တပ်နယ်မှ အရာရှိကြီးများ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၊ မိဘများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ဦးစွာ ဗိုလ်ချုပ် လူအေး က သင်တန်းဆင်း ဗိုလ်လောင်း များအား ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ပေးအပ်၍ အမှာစကား ပြောကြားသည်။ အခမ်းအနား အပြီးတွင် စစ်ရာထူး ခန့်ချုပ်နှင့် တာဝန်ရှိသူ များသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့သည်။

အဆိုပါ သင်တန်းအား သင်တန်းသား ၂၆ ဦးဖြင့် ဇန်နဝါရီ ၅ ရက်မှ မတ် ၉ ရက်ထိ ရက်သတ္တ ၁ဝ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်း ဖြစ်သည်။ တပ်မတော်တွင် ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းကာ အမျိုးသမီး များသည် အမျိုးသားများ နှင့်အတူ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည်။ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) ကို ၂ဝ၁၄ ခုနှစ် တွင် လည်းကောင်း၊ အမှတ်စဉ်(၂) ကို ၂ဝ၁၅ ခုနှစ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်၍ စုစုပေါင်း အမျိုးသမီး ပြန်တမ်းဝင် အရာရှိ ၂၁၉ ဦးကို တာဝန်ပေးအပ် ခဲ့ပြီးဖြစ်သည်။ အလားတူ ဆေးပညာဘွဲ့ရ ဆရာဝန်နှင့် သွားဘက် ဆိုင်ရာ ဆေးပညာဘွဲ့ရ (အမျိုးသမီး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁)နှင့် (၂)မှ အမျိုးသမီး ပြန်တမ်းဝင် အရာရှိ ၃၅ ဦးကိုလည်း သင်တန်းဆင်း ပေးခဲ့ပြီး ယခုအခါ တပ်မတော် ဆေးရုံများတွင် တာဝန် အသီးသီး ထမ်းဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger