www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 15, 2016

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ ဆလုံတိုင်းရင်းသား ဦးရေ ၁၈၀၀ ကျော်သာကျန်ရှိ



မြိတ် ၊ ၁၅-၃-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု အတွင်း နေထိုင်ကြသည့် မျိုးနွယ်စု တစ်စု ဖြစ်သော ဆလုံ တိုင်းရင်းသား ဦးရေသည် လက်ရှိတွင် ၁၈ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ မြိတ်ကျွန်းစု၌ ဆလုံ တိုင်းရင်းသား ဦးရေ ၆ဝဝဝ ကျော်၊ ၂ဝဝ၁ ခုနှစ်တွင် ကျွန်းပေါ်နေ ဆလုံ တိုင်းရင်းသား ဦးရေ ၂၂၇၄ ဦးနှင့် ပင်လယ်ပြင်နေ ဆလုံ တိုင်းရင်းသား ဦးရေ ၁၂၇၆ ဦးရှိပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၉ ရက် တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် အဆိုအရ ဆလုံ တိုင်းရင်းသား ဦးရေ ၃၄၃၈ ဦးရှိပြီး ယခု နောက်ဆုံး ကောက်ယူသည့် စာရင်းအရ ဆလုံ တိုင်းရင်းသား ဦးရေ ၁၈ဝဝ ကျော်သာ ကျန်ရှိ တော့ကြောင်း သိရသည်။

ဆလုံ တိုင်းရင်းသား လူမျိုးများကို မြိတ်ကျွန်းစု၏ အဖိုးမဖြတ် နိုင်သော ပြယုဂ်တစ်ခု အဖြစ် တင်စားကြပြီး ဓလေ့စရိုက် နှင့် ရိုးသား ဖြောင့်မတ်မှု တို့ကြောင့် လူသိများ ထင်ရှားသည်။ ဆလုံ တိုင်းရင်းသား လူမျိုးတို့သည် နေရာ အတိအကျ မရှိခြင်း၊ ပင်လယ်ပြင် တစ်ခွင် လှည့်လည် ကျက်စားနေခြင်း၊ ရေကူး၊ ရေငုပ် ကျွမ်းကျင်ကြခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ဖြင့် အသက်မွေးခြင်း မရှိဘဲ ရေလုပ်ငန်း၊ ပုလဲငုပ် လုပ်ငန်းတို့ဖြင့် အသက်မွေးခြင်း တို့ကြောင့် ပြည်တွင်း ပြည်ပခရီး သွားများ စိတ်ဝင်စား ကြသည့် လူမျိုးစုတစ်စု ဖြစ်သည်။ ဆလုံ တိုင်းရင်းသား များကို မြိတ်ကျွန်းစု အတွင်းရှိ ဒုံးပုလဲအော်၊ ဒုံညောင်းမှိုင်း၊ လငန်း၊ ဂျလန်း၊ မကျုံဂလက်၊ ဇာဒက်ကြီးကျွန်း၊ ညောင်ဝီး နှင့် တခြားကျွန်းစုငယ် များ၌သာ တွေ့နိုင်ပြီး ဒေသတွင်းမှ ဆလုံလူမျိုး မဟုတ်သူများ လူနေအိမ်ခြေများ ချဲ့ထွင်လာခြင်း နှင့် ပင်လယ်ပြင် အတွင်း လုပ်ကိုင် စားသောက်ရန် ခက်ခဲလာခြင်း တို့ကြောင့် တဖြည်းဖြည်း ရွှေ့ပြောင်း ထွက်ခွာသွားမှု များလည်း ရှိနေသဖြင့် လူဦးရေ လျော့နည်းသွားခြင်း မရှိစေရေးနှင့် ရိုးရာဓလေ့များ ပျောက်ကွယ်မှု မရှိစေရေး အတွက် ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger