www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 21, 2015

ရဲဘော်ရဲဘက်စိတ်



ရဲဘော်ရဲဘက်စိတ်

ထီးရိပ်အို

ရဲဘော်ရဲဘက် ဆိုတာ တပ်မှာတော့ တိုက်ပွဲဝင် နေချိန်ဖြစ်ဖြစ်၊ တပ်နားချိန် ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် စည်းလုံး ကြတဲ့ စိတ်ဓာတ်ပေါ့။ တပ်ထဲမှာ အရာရှိ စစ်သည်တွေရဲ့ ဇနီးတွေကို ရဲမေလို့ ခေါ်ကြ ပါတယ်။ တပ်မတော်သား ကို ကြင်ဖက်အဖြစ် ရွေးချယ် အိမ်ထောင်ပြု ခဲ့သူတွေဟာ ကိုယ့်ခင်ပွန်းကို ကိုယ်မပိုင် ပါဘူး။ နိုင်ငံတော် ကပဲ ပိုင်တာမို့ ရှေ့တန်းကို တိုက်ပွဲဝင်ဖို့ (နိုင်ငံတော်ကို ကာကွယ်ဖို့) သွားရလို့ အိမ်ထောင်သည် လိုင်းတွေမှာ ကျန်ရစ် ခဲ့ရတဲ့ ဇနီးသည် တွေဟာ ပန်းသပြေ မနွမ်းစေဘဲ ဘုရားရှင်ထံ မှာပဲ ခင်ပွန်းသည်နဲ့ ရဲဘော်ရဲဘက် အားလုံး ကျန်းမာ စေကြောင်း၊ လန်းဖြာ စေကြောင်း၊ အောင်ပွဲခံ ပြန်လာ စေကြောင်း ဆုတောင်း နေကြရတဲ့ ဘဝတွေပေါ့။ အဲဒီလို မဟုတ်ဘဲ တပ်ရင်းလိုက် တပ်စွဲထားတဲ့ အခါကျရင်တော့ တပ်ရင်းမှူး ကစပြီး တောထဲ၊ တောင်ထဲမှာ မြေစိုက်တဲလေး တွေနဲ့ နွေမှာမပူ၊ ဆောင်းဟူ မချမ်း၊ မိုးမှာလည်း လန်းအောင် ကျင့်ဆောင် နေထိုင်ကြရတဲ့ သူတွေပေါ့။ ဒါဟာ တပ်မတော်သား ဇနီးမယား တွေရဲ့ နိယာမ မို့ မဆန်းဘူးလို့ ထင်ကြ မှာပါ။

ခင်ပွန်းသည် တွေနဲ့အတူ တပ်ထဲမှာ နေကြရချိန် ရဲမေလို့ ခေါ်တဲ့ တပ်မတော်သား ဇနီးမယား တွေဟာ လင်သားနဲ့ သားသမီး များရဲ့ တာဝန်တင် မကဘဲ အရေးအကြောင်း ရှိရင် ကိုယ့်နယ်မြေ ကိုယ့်တပ်ကို ကာကွယ်ဖို့ လက်နက်တွေ ကိုင်တွယ် ပစ်ခတ်ရတဲ့ အခြေခံ စစ်ပညာနဲ့ လက်နက်ငယ်၊ လက်နက်ကြီး သင်တန်းတွေကို မအားတဲ့ ကြားက မနားနိုင်ဘဲ လက်နက်မျိုးစုံ ကိုင်တွယ် ပစ်ခတ် ရကာ လက်တွေ ပေါက်ပြဲ နီရဲ အသားလန်လည်း ပတ်တီးစည်း ဆေးထည့်ပြီး ကျွမ်းကျင် တတ်မြောက်တဲ့ အထိ သင်ကြား ရပါတယ်။ တိုက်ပွဲ ဖြစ်လာခဲ့ရင် ကိုယ့်ခင်ပွန်း နဲ့အတူ ခုခံ ကာကွယ် တိုက်ခိုက်ဖို့ အမြဲ အဆင်သင့် ပါပဲ။ လောက်ကိုင် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တစ်ဖက် ရန်သူက သပ်လျှို ဝင်လာပြီး ကြိုတင် ပြင်ဆင်ကာ လက်နက်ကြီး - ငယ်တွေနဲ့ စခန်းငယ်လေး တွေကို အရင်ဆုံး တိုက်တယ်။ ရဲစခန်းကို ဝင်တိုက်တယ်။ အဲဒီ တိုက်ပွဲ တွေကြောင့် အရာရှိ၊ စစ်သည် တွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့ တိုင်းပြည် အတွက် အသက်ပေးလှူ ခဲ့ကြ ပါတယ်။

ရဲဘော်ရဲဘက် ဆိုတဲ့ခေါင်း စဉ်ကို ဘာကြောင့် တပ်ရသလဲ ဆိုတော့ အဲဒီဒေသမှာ ရှိတဲ့ တပ်ရင်းက ရဲမေတွေနဲ့ သားသမီး တွေကို ပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် နောက်ပိုင်းကို ပြန်ပို့ပေးမယ် ဆိုတာကို အဲဒီရဲမေတွေ အားလုံး က ခင်ပွန်းသည် နဲ့အတူ သူတို့ တစ်တွေပါ လက်နက်ဆွဲပြီး တိုက်ပွဲဝင်မယ်။ သေလည်း အတူ ရှင်လည်း မခွဲ ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်နဲ့ တိုက်ပွဲဝင် ခဲ့ကြပါတယ်။ တစ်ခါတလေ တစ်နေ့လုံး အစာမစား ရပေမယ့် စိတ်ဓာတ် ခွန်အား အာဟာရနဲ့ မညည်းမညူ ရဲရဲတောက် စိတ်ထားနဲ့ ကြံ့ကြံ့ခံ ခဲ့ကြပါတယ်။ အဲဒီ ရဲဘော်ရဲဘက် စိတ်ဟာ အမျိုးသမီး တွေအတွက် အလွန့်အလွန်ကို ဂုဏ်ယူထိုက်တဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ခုအချိန် ထိလည်း တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေကြ တုန်းပါ။ နောက်ဆုံး မှာတော့ တရားသော စစ်ကသာ အောင်မြင် နိုင်သလို အသွေးထဲ အသားထဲက တကယ့် စစ်မှန်တဲ့ မျိုးချစ်စိတ် နိုင်ငံချစ်တဲ့ စိတ်ဓာတ်နဲ့ အစားဆင်းရဲ၊ အနေဆင်းရဲ ပေမယ့် ရဲရဲတက်၊ ရဲရဲတိုက် နေတဲ့ ''ရဲဘော်ရဲဘက်'' ဆိုတဲ့ ချစ်ခင် စည်းလုံးမှုကို ကိုယ်စားပြု နေတဲ့ တပ်မတော်သား များရဲ့ပါရမီဖြည့်ဖက် ဖြစ်တဲ့ အမျိုးသမီး ရဲမေတွေကို ဒီနေရာ ကနေ ဂုဏ်ယူဝံ့ကြွား စွာနဲ့ ရေးသား မှတ်တမ်းတင် လိုက်ရ ပါတယ်။ 

တရားသောစစ် မုချအောင်ရမည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger