www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 15, 2016

၂၀၁၇ အမီ အာကာသခရီးစဉ်များပြေးဆွဲနိုင်မည်ဟု Blue Origin ဆို




ဝါရှင်တန် ၊ ၁၅-၃-၂၀၁၆

အမေရိကန် ပြည်ထောင်စု၏ အာကာသခရီးစဉ် များကို ပြေးဆွဲပျံသန်းရန် နာဆာနှင့် စာချုပ်ချုပ် ဆိုပြီး အပြိုင်အဆိုင် ကြိုးပမ်းနေကြသော SpaceX, Virgin Galactic နှင့် Blue Origin တို့ အနက် Blue Origin သည် ၂၀၁၇ ထက် မကျော်လွန်ဘဲ ၄င်း၏ အာကာသ ခရီးစဉ်များကို စတင်နိုင်မည် ဟု ထုတ်ပြန် ကြေညာ လိုက်ကြောင်း သိရသည်။

Blue Origin သည် လွန်ခဲ့သော ၁၆ နှစ် ခန့် မှစတင်ကာ ၄င်း၏ အာကာသ ခရီးစဉ်များကို ပြေးဆွဲ ပျံသန်းမည့် အာကာသ လေယာဉ်အား စမ်းသပ် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ရော့ကက် ဒုံးကျည်ကိုလည်း ပြန်လည် အသုံးပြု နိုင်အောင် စမ်းသပ် အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒုံးကျည်ကို ပြန်လည် ဆင်းသက် စေခြင်းတွင် SpaceX ထက်ပိုသော အောင်မြင်မှုကို ရရှိထားကြောင်း၊ နောက်တစ်ကြိမ် ဒုံးကျည် လွှတ်တင် ရာတွင် ခရီးသည်များ ကိုပါ တင်ဆောင် သွားတော့မည် ဖြစ်ကြောင်း သိရသည်။ 

အာကာသ ခရီးစဉ်များကို ပြေးဆွဲ ပျံသန်းရာတွင် ဘေးအန္တရာယ် ကင်းရှင်းမှုကို ပထမတန်းစား ဦးစားပေး ထားကြောင်း၊ ၄င်းတို့ ၏ ဆီယက်တယ်မြို့ အနီးရှိ Blue Origin သုတေသန လုပ်ငန်းနှင့် ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းခွင်သို့  ပညာရှင် များကို လာရောက် ကြည့်ရှုရန် ဖိတ်ခေါ် ထားကြောင်း၊ ယင်း လုပ်ငန်းခွင်တွင် ပညာရှင် ၆၀၀ ဦးထက်မနည်း လုပ်ငန်း ဆောင်ရွက် နေကြကြောင်း သိရသည်။ 

" ၂၀၁၇ အတွင်း လူလိုက်ပါတဲ့ ခရီးစဉ်တစ်ခုကို စမ်းသပ်ပျံသန်း ပါမယ်။ ၂၀၁၈ ကစပြီး အာကာသ ခရီးစဉ်တွေကို စတင် ပြေးဆွဲပါမယ်။ ကျွန်တော်တို့ရဲ့  အာကာသ ခရီးစဉ်ကို လိုက်ပါဖို့  ပေးထားတဲ့ အမည်စာရင်း တွေက ထောင်ပေါင်း များစွာ ရှိနေပါတယ်။ ကျွန်တော်တို့ ဘက်က အတည်ပြုပြီး ငွေကြေး လက်ခံထား တာမျိုးသာ မရှိသေးတာပါ " ဟု Blue Origin မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ Blue Origin သည် မကြာမီ  အာကာသ ခရီးစဉ် လက်မှတ်များကို ရောင်းချသွားမည် ဖြစ်ပြီး ၄င်း၏ နည်းပညာ ကိုလည်း အခြားကုမ္ပဏီ များသို့ ရောင်းချကာ ငွေကြေး အစုလိုက် အပုံလိုက် ရရှိအောင် စီစဉ် ဆောင်ရွက် နေခြင်းသာ ဖြစ်သည်ဟု စောင့်ကြည့် လေ့လာသူ များက ဝေဖန်သုံး သပ်သည်။ 

Blue Origin ကို အမေရိကန် ပြည်ထောင်စု ၏ အကြီးဆုံး အွန်လိုင်း လက်လီလက်ကား ဖြန့် ဖြူးရေး ကုမ္ပဏီကြီး Amazon က ပိုင်ဆိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger