www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

ရွှေစက်တော် ဘေးမဲ့တောတွင် ရွှေသမင်များအတွက် သောက်ရေ အခက်အခဲဖြစ်ပေါ်နေ၍ ရေဖြည့်တင်းပေးနေရ



မင်းဘူး ၊ ၁၁-၃-၂၀၁၆

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ယခုနှစ် နွေရာသီအတွင်း ရေခန်းခြောက် လာသဖြင့် ရွှေသမင်များ အတွက် သောက်ရေ အခက်အခဲ ဖြစ်ပေါ်နေ၍ ပြင်ပ အလှူရှင်များနှင့် ပူးပေါင်းကာ မတ် ၈ ရက်မှ စ၍ ရေဖြည့်တင်းပေး နေရကြောင်း သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ရေကန် ခြောက်ကန် လျော့နည်း ခန်းခြောက် လာသောကြောင့် ရွှေသမင်များ အတွက် သောက်ရေများ ဖြည့်တင်းပေးခဲ့ ရခြင်းဖြစ်ပြီး လတ်တလောတွင် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ၁ဝ ရက်တစ်ကြိမ် ရေဖြည့်တင်းရန် စီစဉ်ထားကြောင်း ရွှေစက်တော် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး က ပြောသည်။

ထို့ပြင် ယခုနှစ် နွေရာသီတွင် ရေရှားပါးမှုကို ဖြေရှင်းနိုင်ရေး အတွက် ရွှေစက်တော် ဘေးမဲ့တောရှိ ရေကန်ကို ပြန်လည် တူးဖော်ရန် စီစဉ်ထားကာ ဆည် သဘောမျိုးဖြင့် မိုးရေကို သိုလှောင်ပြီး သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ရွက်ပြတ် ရောနှောတော၊ တောခြောက် အမျိုးအစား ဖြစ်ပြီး လုံးဝ ကာကွယ်ရန် သတ်မှတ်ထား သည့် ရွှေသမင် ကောင်ရေ ၁၆ဝဝ ခန့် နေထိုင်ကျက်စား လျက်ရှိကာ ဆတ်၊ ချေ၊ တောခွေး၊ တောဝက်၊ မျောက်နှင့် ငှက်များ နေထိုင်ကျက်စား ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger