www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

Biological Control စနစ်အသုံးပြု၍ သီးနှံသုံးမျိုးကို ပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်ရန် လုပ်ဆောင်သွားမည်



ရန်ကုန် ၊ ၁၁-၃-၂၀၁၆

စပါး၊ ဂေါ်ဖီထုပ်၊ သရက် စသည့် သီးနှံ သုံးမျိုးကို Biological Control စနစ်အသုံးပြု၍ ဖျက်ပိုး အန္တရာယ်မှ ကာကွယ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း GIZ အဖွဲ့မှ နိုင်ငံတကာ စီမံကိန်း သံတမန် ဒေါက်တာ အောင်ကြည် က ပြောသည်။

အဆိုပါ နည်းစနစ်ကို GIZ နှင့် JJ PUN အဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ပေးမည် ဖြစ်သည်။ လက်ရှိတွင် ယင်းစနစ်ကို ပိုးမွှား အများဆုံး ကျရောက်ပြီး သရက်စိုက်ပျိုးမှု များသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့၌ အဓိက လုပ်ဆောင် သွားရန် လျာထားကြောင်း သိရသည်။

ယင်း အစီအစဉ်ကို လာမည့် မေလဆန်းပိုင်းတွင် စတင်လုပ်ဆောင် သွားမည်ဖြစ်ပြီး မေ၊ ဇွန်၊ ဇူလိုင် သုံးလခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

စပါးသီးနှံ၌ ကျရောက်တတ်သော အဝါရောင် ဆစ်ပိုး၊ ဂေါ်ဖီထုပ် များ၌ ကျရောက် တတ်သော စိန်ပွင့်ဖလံပိုး၊ သရက်သီး၌ ကျရောက် တတ်သော သစ်သီးထိုး ယင် စသည့် ပိုးမွှားများကို ယင်းနည်းစနစ် အသုံးပြု၍ နှိမ်နင်းပေး သွားမည် ဖြစ်သည်။

အဆိုပါ ပိုးမွှားများသည် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများ ကြီးထွားဖွံ့ဖြိုး မှုနှင့် ဈေးကွက် ဖြန့်ချိရေးတွင် အဟန့်အတား များစွာ ဖြစ်စေပြီး တောင်သူများ ကလည်း ဂရုပြုမှု အားနည်းခြင်း များကြောင့် တဖြည်းဖြည်းများ ပြားလာသော ပိုးမွှားများ ဖြစ်၍ ယင်းကဲ့သို့ Biological Control စနစ်ဖြင့် ကာကွယ် နှိမ်နင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့ သရက်သီး ဈေးကွက်၌ သစ်သီးထိုး ယင်ပိုး အမျိုးအစားမှာ အဆိုးဆုံး အခြေအနေ အထိ ဖြစ်ပွားလျက် ရှိရာ သရက်သီး ဈေးကွက် ထိခိုက်မှု မရှိစေရန် ယင်းစနစ် ကို အသုံးပြုခြင်းဖြင့် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ များတွင် ဖြစ်ပွားသော ပိုးမွှား ကျရောက်မှုများ အထိုက်အလျောက် လျော့နည်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger