www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

ဟောင်ကောင်၌ကျင်းပသည့် ပြပွဲတွင် မြန်မာ့ပုလဲများ သတ်မှတ်ကြမ်းခင်း ဈေးထက် ၈၅ ရာခိုင်နှုန်း ပိုမိုရရှိ



ရန်ကုန် ၊ ၂၄-၃-၂၀၁၆

ဟောင်ကောင်တွင် ကျင်းပပြုလုပ် ခဲ့သည့် The 4th International Myanmar Pearl Auction (Hong Kong) ပြပွဲတွင် မြန်မာ့ပုလဲ များကို သွားရောက် ရောင်းချရာတွင် မြန်မာ့ပုလဲ များ၏ ကြမ်းခင်း ရောင်းဈေးထက် ၈၅ ရာခိုင်နှုန်းေ ဈးနှုန်းပိုမို ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။ 

အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံ သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ ဦးဆောင်ကာ မြန်မာနိုင်ငံမှ ပုလဲ ကုမ္ပဏီများက သွားရောက် ပြသခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ပုလဲ များသည် နိုင်ငံတကာ ရတနာ ဈေးကွက်တွင် နာမည်ကျော် အရည်အသွေးကောင်း ပုလဲများ ဖြစ်နေသဖြင့် အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂ဝ မှ ရတနာလုပ်ငန်း ကုမ္ပဏီ ၈ဝ ကျော်က လာရောက် ဈေးပြိုင် ဝယ်ယူခဲ့ကြသည်။

ထို့သို့ မြန်မာ့ပုလဲ များကို နိုင်ငံပေါင်း ၈ဝကျော်မှ ရတနာ ကုမ္ပဏီ များက ဈေးပြိုင်ဝယ်ယူ နေမှုကြောင့် မြန်မာ့ပုလဲ ဈေးနှုန်းများသည် သတ်မှတ်ကြမ်းခင်း ဈေးနှုန်းများထက် ၈၅ ရာခိုင်နှုန်း ဈေးနှုန်း ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် အမေရိကန် ဒေါ်လာ ၆၈၁၈၆ဝဝ ဒေါ်လာ တန်ဖိုးရှိ ပုလဲ အတွဲပေါင်း ၃၂၄ တွဲ၊ ပုလဲလုံးရေ ၁၂၃၅၆၂ လုံးကို သွားရောက်ပြသ ရောင်းချခဲ့ရာ ပုလဲ အတွဲပေါင်း ၃၂၁ တွဲ၊ ပုလဲလုံးရေ ၁၂၂၆၃၆ လုံး ရောင်းချခဲ့ ရသဖြင့် နိုင်ငံခြား ၀င်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၂၅၂၇၈၇၆ ဒေါ်လာဖိုး ရောင်းချခဲ့ ရသည်။

ပြပွဲကို ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ် ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံမှ Kobe pearls & Gems Co., Ltd က တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၁၁၉၇၃၈၁ ဖြင့် အများဆုံး တက်ရောက် ဝယ်ယူခဲ့သည်။

ထို့ကြောင့် ပြပွဲအတွင်း မြန်မာ့ပုလဲများ သွားရောက် ပြသသောကြောင့် ရောင်းချခဲ့ ရသည့် ပမာဏသည် မြန်မာ့ပုလဲ များကို နိုင်ငံတကာ ပြပွဲများတွင် ရောင်းချခဲ့သည့် ပမာဏ များတွင် အများဆုံး ရောင်းချခဲ့ရသော ပမာဏ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger