www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

လေတွင်ပျံသောယာဉ် ထဲတွင် အကြီးဆုံးအဖြစ် ဂရင်းနစ်စံချိန်တင်မည့် လေသင်္ဘောကြီးကို စမ်းသပ်ပျံသန်းမည်




လန်ဒန် ၊ ၂၄-၃-၂၀၁၆

ဝေဟင်တွင် ပျံသန်းနိုင်သည့် စက်တပ်ယာဉ်များ ထဲတွင် လေယာဉ်ပျံ၊ ရဟတ်ယာဉ်၊ အာကာသယာဉ် အစရှိသည်များ အားလုံးထက် ပို၍ကြီးသည့် အတွက် လေတွင်ပျံသော ယာဉ်များအနက် ကမ္ဘာ့ အကြီးဆုံးယာဉ် အဖြစ် ဂရင်းနစ် စံတော်ချိန် တင်မည့် လေသင်္ဘောကြီးကို မကြာမီ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် အသင့်ဖြစ် နေကြောင်း သိရသည်။

အဆိုပါ လေသင်္ဘော ကြီးကို Airlander 10 ဟု အမည်ပေး ထားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြောက်ပိုင်းရှိ လေယာဉ် ထုတ်လုပ်ရေး ရုံတွင် တပ်ဆင်နေခြင်း ဖြစ်ကြောင်း၊ Airlander 10 ကို ၂ဝ၁၂ ခုနှစ်က စမ်းသပ်ပျံသန်း ခဲ့ဖူးကြောင်း၊ ထိုစဉ်က အမေရိကန် စစ်ဖက်စီမံကိန်း ဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ် လျှော့ချရာ၌ Airlander 10 လည်း ပါဝင်ခဲ့ပြီး ဆက်လက် အသုံးပြုခွင့် မရရှိတော့ဘဲ ယခု ပြန်လည်ပြုပြင် မွမ်းမံပြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် စီစဉ်ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Airlander 10 ကို ပြုပြင် မွန်းမံရန် အမေရိကန် ဒေါ်လာ သုံးသန်း ထက်မနည်း အကုန်အကျ ခံထားရကြောင်း၊ သို့သော် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကိုလည်း တွဲဖက် အသုံးပြုနိုင်သည့် ဟိုက်ဘရစ်ယာဉ် အမျိုးအစား ဖြစ်သည့် အတွက် အရပ်ဘက် ဆိုင်ရာ ပျံသန်းမှုများကို ဈေးနှုန်း ချိုသာစွာဖြင့် ပြုလုပ်ပေး နိုင်မည် ဖြစ်ကြောင်း၊ အောင်မြင်မှု ရရှိသွားလျှင် လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကိုလည်း အကြီးအကျယ် ပြောင်းလဲ စေနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာ့သိပ္ပံ ပညာရှင်များ ပူးပေါင်းကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကို ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ဈေးနှုန်း သက်သာစေရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်း စေသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုနိုင် စေရေးတို့ကို ရည်ရွယ် ဆောင်ရွက်လျက် ရှိရာ Airlander 10 သည် ၄င်းတို့အတွက် ဂုဏ်ယူ ဝံ့ကြွားဖွယ် နည်းပညာ အောင်မြင်မှု တစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး နည်းပညာသစ် မွေးဖွားလာသည်ဟု ဆိုနိုင်မည် ဖြစ်ကြောင်း လေ့လာ စောင့်ကြည့် သူများက ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger