www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ရန်ကုန် တိုင်း ဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)ရှိ ဆင်ဖြူရှင်ခန်းမ ၌ ယမန်နေ့ နံနက် ၈ နာရီတွင် ဆက်လက် ကျင်းပပြုလုပ်ရာ Symposium အဖြစ် Value, Place and Effectiveness of Implementing Research Culture in Undergraduate Curriculum in DSMA တစ်ခု ၊ Nursing Professional Standards in Myanmar: A Military Perspective တစ်ခု ၊ Current Trends in Management of Primary Glaucoma တစ်ခု ၊ Development of Primary Trauma Care in Myanmar Military Services တစ်ခု ၊ Special Talk နှစ်ခု ၊ Clinico -Pathological Conference တစ်ခုနှင့် Building Shared Vision in Military Medicine "Cancer Care Continuum: Shared Care" တစ်ခု တို့အားဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် ဆေးပညာဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ဆေးပညာ သင်ကြားရေး ဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ ရောဂါဗေဒ ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ သားဖွားမီးယပ် ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ခန္ဓာဗေဒဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ မှုခင်းဆေး ပညာရပ်ဆိုင်ရာ သုတေသန စာတမ်း နှစ်စောင်၊ စာတမ်း စုစုပေါင်း ၁၆ စောင် ဖတ်ကြားတင်သွင်း ခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီ တို့က ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။(၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger