www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

(၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး (က)အဆင့် အသင်းလိုက် အကောင်းဆုံးဆု ရရှိသည့် 
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) စစ်တီးဝိုင်းအား ဆုပေးအပ်စဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ (၇၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ (၇၁) နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိ သူများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် ကြသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနား တွင် ဗိုလ်ချုပ် မောင်မောင်အေး က ၂ဝ၁၆ ခုနှစ်၊ (၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ(ဂ) အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယ ရရှိသော တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း စစ်တီးဝိုင်း၊ ဒုတိယ ရရှိသော အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ် စစ်တီးဝိုင်းနှင့် ပထမ ရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၁) ခေါင်းဆောင် တို့အား လည်းကောင်း၊ (ခ)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယရ ရှိသော အနောက် မြောက်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်း၊ ဒုတိယ ရရှိသော ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းနှင့် ပထမ ရရှိသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၃) ခေါင်းဆောင် တို့အား လည်းကောင်း၊ (က)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှု တွင် အထူးဆု(၂) ရရှိသည့် စစ်တက္ကသိုလ် စစ်တီးဝိုင်းနှင့် အထူးဆု(၁) ရရှိ သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) စစ်တီးဝိုင်း နှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) စစ်တီးဝိုင်း ခေါင်းဆောင်တို့ အား လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

ဆက်လက်၍ အသင်းလိုက် ဆုများကို ပေးအပ် ချီးမြှင့်ရာ (ဂ) အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသော တပ်မတော် နည်းပညာ တက္ကသိုလ် စစ်တီးဝိုင်း၊ အထူးဆု(၁) ရရှိသော ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၂)၊ တတိယ ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၁)၊ ဒုတိယ ရရှိသော တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဗထူး) စစ်တီးဝိုင်း နှင့် ပထမ ရရှိသော အမှတ်(၈၈) ခြေမြန် တပ်မဌာနချုပ် စစ်တီးဝိုင်း တို့အား လည်းကောင်း၊ (ခ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်း၊ အထူးဆု(၁) ရရှိသော နေပြည်တော်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်း၊ တတိယ ရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်း၊ ဒုတိယ ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းနှင့် ပထမ ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်း တို့အား လည်းကောင်း၊ (က) အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသော စစ်တက္ကသိုလ် စစ်တီးဝိုင်း၊ အထူးဆု (၁)ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) စစ်တီးဝိုင်းနှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) စစ်တီးဝိုင်း တို့အား ဆုများ အသီးသီး ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ၂ဝ၁၆ ခုနှစ်၊ (၇၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၇ ဖွဲ့ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger