www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ


အိန္ဒိယရေတပ်မှ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သည့် စစ်ရေယာဉ်များ ပြန်လည် ထွက်ခွာစဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင် ချစ်ကြည်ရေးခရီး ရောက်ရှိ နေသော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS SARYU နှင့် INS BITRA တို့သည် ယမန်နေ့ နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံရုံးမှ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် များတွင် ပါရှိသော အရာရှိ၊ စစ်သည် များသည် မြန်မာနိုင်ငံတွင် သုံးရက်ကြာ နေထိုင်၍ လေ့လာရေး ခရီးစဉ်များ သွားရောက် လေ့လာကြပြီး ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ ကြကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger