www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 11, 2016

ပြည်ပ၀ယ်ယူမှု မြင့်တက်လာခြင်းကြောင့် တစ်ပိုင်တစ်နိုင် ငါးရှဥ့်မွေးမြူမှု ပိုမိုများပြားလာ



ရန်ကုန် ၊ ၁၁-၂-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးရှဥ့်ကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူလျက် ရှိပြီး ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှလည်း ဝယ်ယူမှုများ ရှိလာကာ လက်ရှိတွင် ငါးရှဥ့် ဝယ်လိုအားနှင့် မှာယူမှုနှုန်း မြင့်တက် လာခြင်းကြောင့် ကျေးလက် ဒေသများ၌ တစ်ပိုင်တစ်နိုင် ငါးရှဥ့်မွေးမြူမှု ပိုမိုများပြား လာကြောင်း သိရသည်။

''အရင်က ပြည်ပကို ငါးရှဥ့်တင်ပို့တဲ့ နေရာမှာ သဘာဝက ဖမ်းယူရရှိတဲ့ ငါးရှဥ့်တွေကိုပဲ တင်ပို့တာ ဖြစ်လို့ ဈေးကွက်မှာ ဝယ်လိုအားများ ပေမယ့် လိုသလောက် တင်ပို့နိုင်ခြင်း မရှိပါဘူး။ လက်ရှိမှာ အသားတိုး ငါးရှဥ့် တွေကို တရုတ်နည်း စနစ်နဲ့ စတင် မွေးမြူတဲ့အခါ အထွက်နှုန်း ကောင်းလာတယ်။ ဒါကြောင့် တွက်ခြေကိုက်တဲ့ မွေးမြူရေး ဖြစ်ပြီး ဈေးကွက် ဝယ်လိုအားလည်း ရှိတာကြောင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်တဲ့ သူတွေ ပိုပြီးများ လာတာပါ'' ဟု ငါးရှဥ့်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် ကိုပြည်ကျော် က ပြောသည်။

ပြည်တွင်းမှ ငါးရှဥ့်များကို အဓိကအားဖြင့် တရုတ်နိုင်ငံမှ ယခုလို နှစ်ကူးကာလ များတွင် အများဆုံးမှာယူ ကြကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံမှလည်း ရိုးရာပွဲတော်များ ကျင်းပချိန်တွင် အထူးမှာယူမှုများ ရှိခြင်းကြောင့် ငါးရှဥ့်ဈေးနှုန်း အတက်အကျ ရှိသော်လည်း ပြည်တွင်းရှိ ငါးရှဥ့်မွေးမြူရေး မှ ကုန်ကြမ်း အများအပြား ရရှိသဖြင့် တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

ငါးရှဥ့်မှာ ပြည်ပသို့ တင်ပို့ရသော ရေထွက်ကုန် ဖြစ်ခြင်းကြောင့် ကျေးလက်ဒေသ များ၌ ယခင်က ရေချိုငါး များကိုသာ မွေးမြူမှု အများဆုံး ပြုလုပ်ခဲ့ သော်လည်း ယခုအခါ ငါးရှဥ့်ကို တစ်ပိုင်တစ်နိုင် မွေးမြူမှုများ ပိုမိုပြုလုပ် လာကြကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger