www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 11, 2016

ဆားအရည်အသွေး အဆင့်မြှင့်တင်မည့် စက်ရုံတည်ဆောက်ရန် ဆောင်ရွက်


ထိုင်းနိုင်ငံ ဆားလုပ်ကွက်တစ်ခု

ရန်ကုန် ၊ ၁၁-၂-၂၀၁၆

ပြည်ပမှ အရည်အသွေးမြင့် ဆားများ ဝင်ရောက်လာမှု နှင့်အတူ ပြည်တွင်းဆား လုပ်ငန်းများတွင် ဧက ၁၅ဝဝဝ ခန့်သာ ထုတ်လုပ်နိုင် သောကြောင့် ဆားစက်ရုံ များကို အရည်အသွေး မြှင့်တင်ရန် လိုအပ်လာကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက စက်ရုံများ ပူးပေါင်း၍ ဆားအရည်အသွေး အဆင့်မြှင့်တင် မည့် စက်ရုံ တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းထိန် ၏ ပြောကြားချက် အရ သိရသည်။

''အခု ပြည်ပက ဆားဝင်ရောက်မှု များပြားလာတယ်။ အဲဒါကို တားဆီးတာ ခဏပဲ အဆင်ပြေနိုင် တာ ဖြစ်လို့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ဆားတွေကို အရည်အသွေး မြှင့်တင်ပြီး ထုတ်လုပ်တာက ထိရောက်မှု ပိုရှိစေမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ပြည်တွင်း ဆားလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း အသုံးစရိတ် အပိုကုန်ကျမှု နှင့် ရောင်းချရာတွင် တွက်ခြေမကိုက် သဖြင့် ထုတ်လုပ်မှု လျော့ကျ လာသောကြောင့် ပြည်ပမှဆားများ ဝင်ရောက် လာခြင်းဖြစ် သည်။

ဆားလုပ်ငန်း လုပ်ကိုင်မှုများ အနေဖြင့် တစ်ဧကလျှင် အကြမ်းဖျင်း အားဖြင့် ဆားတန်ချိန် ၁ဝ သာ ထွက်ရှိပြီး တစ်နှစ်ပတ်လုံး တန်ချိန် သုံးသိန်းကျော် ထွက်ရှိကာ ပြည်တွင်း စားသုံးမှု တန်ချိန် နှစ်သိန်း ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

လုပ်ငန်းသုံးဆား အနေဖြင့် သားရေလုပ်ငန်း၊ ရေခဲစက် လုပ်ငန်းနှင့် ငါးလုပ်ငန်း များတွင် ပင်လယ်ငါး သိမ်းဆည်းရန် ဆားကို အသုံးပြုခဲ့ ကြသော်လည်း ယခု နောက်ပိုင်းတွင် ပြည်တွင်းဆား စားသုံးမှု တန်ချိန် နှစ်သိန်းခန့်၏ လေးပုံတစ်ပုံမှာ ပြည်ပမှ တင်သွင်းသော ဆားများသာ ဖြစ်ကြောင်း သိရသည်။

ဆားလုပ်ကွက် အနေဖြင့် ယခင်က ဧရာဝတီတိုင်း ဒေသကြီး၌ ဧက ၃၃ဝဝဝ၊ မွန်ပြည်နယ်၌ ဧက ၈ဝဝဝ၊ ရခိုင်ပြည်နယ် ၌ ဧက ၇ဝဝဝ၊ တနင်္သာရီတိုင်း ဒေသကြီး ၌ ဧက ၁ဝဝဝ ဝန်းကျင်နှင့် ရန်ကုန် တိုင်း ဒေသကြီး ၌ ဧက ၁ဝဝဝ ဝန်းကျင် ရှိသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၌ ဆားလုပ်ကွက် ဧက ၁၂ဝဝဝ၊ မွန်ပြည်နယ်၌ ဧက ၂၁ဝဝ နှင့် ရခိုင်ပြည်နယ်၌ ဧက ၅ဝဝ ခန့်သာ ထုတ်လုပ်မှု ရှိသဖြင့် လက်ရှိ မြန်မာနိုင်ငံ ၏ ဆားလုပ်ငန်းမှာ ဧက ၁၅ဝဝဝ အောက်တွင်သာ ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger