www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 13, 2016

SHANGHAI Disney Resort အား ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်မည်



ရှန်ဟိုင်း ၊ ၁၃-၁-၂၀၁၆

ရှန်ဟိုင်း ဒစ္စနေ အပန်းဖြေစခန်း (Disney Resort) အား ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပထမဆုံး လာရောက် လည်ပတ်ကြရန် ဖိတ်ခေါ်ပါကြောင်း Walt Disney Company နှင့် Shanghai Shendi Group က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကြေညာခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အပန်းဖြေစခန်း က ပထမဆုံး လာရောက်မည့် ခရီးသည် အုပ်စုအတွက် ကြီးကျယ် ခမ်းနားသည့် ကြိုဆိုပွဲအခမ်းအနား တစ်ခုကို ရက်အတန်ကြာ ကျင်းပမည့် ဖွင့်ပွဲ အခမ်းအနား၏ အစိတ်အပိုင်း တစ်ခု အနေဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်း ဒစ္စနေ အပန်းဖြေစခန်း သည် ကမ္ဘာပေါ်တွင် ခြောက်ခုမြောက် ဒစ္စနေ အပန်းဖြေစခန်း ဖြစ်ပြီး တရုတ်ယွမ် ၃၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံ ထားကာ ၂၀၁၁ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်း ဒစ္စနေ အပန်းဖြေစခန်းတွင် အခြား ဒစ္စနေ အပန်းဖြေစခန်း နှင့် မတူသည့် စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများ ပါရှိမည်ဖြစ်ပြီး အများစု သည် Marvel ရုပ်ပြ နှင့် Star Wars ရုပ်ရှင် မှ ဇာတ်ကောင် များကို အခြေခံထားကာ တရုတ်ရိုးရာ ယဉ်ကျေးမှုများ ကိုလည်း ထည့်သွင်းပြသ ထားမည်ဖြစ်ကြောင်း ယခင် အစီအစဉ်များ အရ သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger