www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 13, 2016

ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်အချို့ ညအိပ်ရပ်နားထားစဉ် အုပ်စုဖွဲ့လူတစ်စု၏ တိုက်ခိုက်လုယက်ခံရမှုများ ဖြစ်ပေါ်



ကသာ ၊ ၁၃-၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ၊ မန္တလေးမြို့မှ ဧရာဝတီ မြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့သို့ စက်သုံးဆီများ သွားရောက် ပို့ဆောင်သည့် ရေယာဉ်ကြီး နှစ်စင်းသည် ဇန်န၀ါရီ ၉ ရက် သန်းခေါင်ကျော် မိနစ် ၃၀ ခန့်က မတ္တရာမြို့နယ် ၊ ဥဒိမ်ကျေးရွာ အုပ်စု ၊ သူဌေးကုန်းကျေးရွာ အနီး ဧရာဝတီ မြစ်ကြောင်းအတွင်း ညအိပ် ရပ်နားရန် ရေယာဉ်ဆိုက်ကပ် ထားစဉ် တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ ၁၂ ဦးခန့်က ဟွန်ဒါစက်တပ် ပွဲချိတ် ၂ စီးဖြင့် ရောက်ရှိလာပြီး လေးခွ ကုန်းသီများဖြင့် ပစ်ခတ်တိုက်ခိုက် ကာ ၄င်း ရေယာဉ်ပေါ်ရှိ သင်္ဘောသားများ ထံမှ ငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၉ လုံးတို့ကို လုယက်ယူငင် သွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ ၁၂ ဦးခန့်သည် မြစ်ကြောင်း အတိုင်း စုန်ဆင်းသွား ခဲ့ပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ညအိပ်ရပ်နားရန် ဆိုက်ကပ်ထားသည့် ရေ ယာဉ် နောက်တစ်စီးကို အလားတူ ထပ်မံ တိုက်ခိုက်ခဲ့ပြီးနောက် ၄င်းရေယာဉ်ပေါ်မှ ငွေကျပ် သိန်း ၂၀ နှင့် လက်ကိုင်ဖုန်း ၁၂ လုံးတို့ကို လုယူသွားကြောင်း သိရသည်။

" လေးခွကုန်းသီ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ငွေကြေးနဲ့ လက်ကိုင်ဖုန်းများ လုယက်ခံရသည့် ရေ ယာဉ်နှစ်စင်း ကတော့ စိန်စွန်ညို ရေယာဉ်နဲ့ အေးချမ်းမြန်မာ (၁) ရေယာဉ်များ ဖြစ်ပါတယ် " ဟု မတ္တရာ မြို့မရဲစခန်း မှ အတည်ပြု ပြောကြားသည်။

ထို့ကြောင့် တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ကာ အုပ်စုဖွဲ့၍ ရေယာဉ်များ ညအိပ် ရပ်နားထားစဉ် ပစ်ခတ်တိုက်ခိုက်၍ ငွေကြေးနှင့် လက်ကိုင်ဖုန်းများ လုယက်ယူငင် ထွက်ပြေးတိမ်းရှောင် သွားသူများ နောက်သို့  မတ္တရာမြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူး အေးမင်း နှင့်အဖွဲ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။ (၁၅၄)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger