www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 14, 2016

ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့ စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ


ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့ ဗိုလ်လောင်းများ၏ စာပေဌာနသို့ ချီတက်သွားလာမှု အခြေအနေများကို ကြည့်ရှုလေ့လာစဉ်

ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့ စစ်တက္ကသိုလ်ပြတိုက် အတွင်း လေ့လာကြရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မြင့်မော် က ရှင်းလင်းပြသစဉ်


နေပြည်တော် ၊ ၁၄-၁-၂၀၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွားရောက် လေ့လာ ကြသည်။

ဦးစွာ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်သို့ ရောက်ရှိ ကြရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြင့်မော်နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ဗိုလ်လောင်းများ၏ စာပေဌာနသို့ ချီတက် သွားလာမှု အခြေအနေများကို ကြည့်ရှု လေ့လာပြီး စစ်တက္ကသိုလ် ပြတိုက်ကို သွားရောက် လေ့လာကြရာ ကျောင်းအုပ်ကြီး က စစ်တက္ကသိုလ် သမိုင်းကြောင်းကို လိုက်လံ ရှင်းလင်း ပြသသည်။

ထို့နောက် ဗိုလ်လောင်းတပ်ရင်းများ၊ စားရိပ်သာများ၊ စာပေဌာနနှင့် ကျောင်းဆင်း စစ်ရေးပြကွင်း အပါအ၀င် စစ်တက္ကသိုလ် အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည်ရှု လေ့လာကြသည်။

ယင်းနောက် ဘွဲ့နှင်းသဘင် ခန်းမတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့အား စစ်တက္ကသိုလ်၏ လေးနှစ်တာ ကာလအတွင်း လေ့ကျင့်ရေး ဆောင်ရွက်မှု၊ စာပေသင်ကြား မှုနှင့် လှုပ်ရှားမှု အခြေအနေများကို မှတ်တမ်း ဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger