www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 22, 2016

တရုတ်နှင့်အီရန် တွင် Facebook အသုံးပြုနိုင်ရန် အကူအညီပေးမည့် Application ဖြန့်ချိ



ရန်ကုန် ၊ ၂၂-၁-၂၀၁၆

Facebook အသုံးမပြုနိုင်ရန် ကန့်သတ်ထားသော တရုတ်နှင့် အီရန်နိုင်ငံ တို့၌ တားမြစ်ထားသော အကန့်အသတ် များကို ကျော်ဖြတ်ကာ အသုံးပြုနိုင်ရန် ဖန်တီးပေးမည့် Application ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဖြန့်ချိခဲ့ကြောင်း သိရသည်။

အဆိုပါ Application ကို Tor ဟု အမည်ပေးထားပြီး Firewall များဖြင့် Facebook အသုံးမပြုနိုင်ရန် တားမြစ်ထားသော နေရာများတွင် အသုံးပြု နိုင်အောင် အထောက်အကူ ပေးသည်။ Tor ကို Facebook က ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း Facebook က အထောက်အပံ့ ပေးထားသော နည်းပညာ အဖွဲ့အစည်း တစ်ရပ်က ဖန်တီးခဲ့ခြင်း ဖြစ်ကာ အလုံခြုံဆုံးဟု သတ်မှတ် ထားသော Firewall များကို ကျော်ဖြတ်ကာ Facebook ကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Tor သည် အသုံးမပြုနိုင်ရန် ကန့်သတ် မထားသော Facebook များနှင့် ထိတွေ့ချိန်တွင် Signal များနှင့် Data များကို Encrypt လုပ်သွားမည် ဖြစ်သောကြောင့် စွမ်းဆောင်ရည် မြင့်မားသော Firewall များကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Facebook သည် Tor Application ဖန်တီးခဲ့ခြင်းအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် နွေရာသီမှ စတင်ကာ အထောက်အပံ့များ ပေးအပ် ဖန်တီး စေခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် သတင်းဌာန များက ဖော်ပြသည်။

Tor Application ကိုအခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကာ Facebook အသုံးပြုလိုပါက အဆိုပါ Application နှင့် Facebook Application ကြားတွင် ချိတ်ဆက်ထား ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရှိတွင် Tor ကို မိုဘိုင်းလ်ဖုန်း များဖြင့်သာ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger