www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 5, 2016

Chang'e 3 အာကသယာဉ်က စုဆောင်းထားသော ကျောက်များထဲမှ ယခင်ကမတွေ့ဖူးသော ကျောက်အမျိုးအစားသစ် တွေ့ရှိ




ပေကျင်း ၊ ၅-၁-၂၀၁၆

တရုတ်နိုင်ငံမှ လပေါ်သို့ လွှတ်တင်ထားသော Chang'e 3 အာကာသယာဉ်သည် ၂ဝ၁၄ ခုနှစ်က စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီး ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွား ခဲ့ရာမှ ယခုအခါ ပုံမှန်အတိုင်း ပြန်လည်နိုးထ လှုပ်ရှားလာပြီး ကမ္ဘာနှင့်လည်း အဆက်အသွယ် ပြန်လည်ရရှိခဲ့ပြီ ဖြစ်ကာ ၄င်း စုဆောင်းထားသော ကျောက်များထဲမှ ယခင်က မတွေ့ခဲ့ဖူးသေးသော ကျောက်သား အမျိုးအစား သစ်များ ဖြစ်သည်ကို တွေ့ရကြောင်း Chang'e 3 အာကာသယာဉ် ထိန်းချုပ်ရေးနှင့် သုတေသန ပြုလုပ်ရေး အဖွဲ့က ထုတ်ပြန် ကြေညာသည်။

'' Chang'e 3 ပြန်လည် အသက်ဝင်လာတာ လပိုင်းလောက် ရှိနေပါပြီ။ ဒီအတောအတွင်း Chang'e 3 က စုဆောင်း ထားရှိတဲ့ ကျောက်သားတွေကို စူးစမ်း လေ့လာကြည့်တဲ့ အခါ လရဲ့သက်တမ်း နုစဉ်က ကျောက်သားတွေ လို့ ယုံကြည်ရတာတွေ ဖြစ်နေပါတယ်။ အဲဒီတုန်းက မီးတောင် ပေါက်ကွဲမှု တွေကြောင့် လွင့်စင် ထွက်လာတဲ့ ကျောက်သားတွေလို့ ယုံကြည် ရပါတယ်''ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Chang'e 3 လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသယာဉ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က Long March 3B Y-23 ဖြင့် တင်ဆောင်ကာ လကမ္ဘာပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်မှ စတင်ကာ Chang'e 3 သည် လပေါ်မှ ကျောက်သားနမူနာ များကိုစုဆောင်း နေခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း ကျောက်သားများသည် သက်တမ်းအားဖြင့် နှစ်ပေါင်း သုံးဘီလီယံခန့်သာ ရှိနေသေးသည်ဟု ခန့်မှန်းရကြောင်း၊ မူလက အမေရိကန် ပြည်ထောင်စု ၏ လဆင်းယာဉ် Apollo အာကာသယာဉ်က သယ်ဆောင် လာခဲ့သော ကျောက်သားများမှာ သက်တမ်းအားဖြင့် လေးဘီလီယံ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

''Chang'e 3 ဆင်းသက်ထားတဲ့ ချိုင့်ဝှမ်းထဲက ကျောက်သားတွေဟာ တခြားနေရာက ကျောက်သားတွေနဲ့  ရောထွေးတာ မရှိသေးပါဘူး။ ဒါကြောင့်လဲ Chang'e 3 က တခြား ဘယ်ဟာနဲ့မှ မတူတဲ့ ကျောက်သားတွေ ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျောက်သားတွေဟာ တိုက်တေနီယမ်ဒိုင် အောက်ဆိုက် ကြွယ်ဝပါတယ်။ ဒါပေမဲ့ လပေါ်တွင် ကျောက်သား နမူနာကွဲများစွာ ရှိနေပြီး အလွန်ရောထွေး လွယ်ပါတယ်။ ဒါကြောင့် Chang'e 3 က စုဆောင်းထားတဲ့ ကျောက်သားနမူနာ တွေကိုလဲ ဂရုတစိုက် စစ်ဆေးကြည့်ရှု နေပါတယ် '' ဟု Chang'e 3 အာကာသယာဉ် ထိန်းချုပ်ရေးနှင့် သုတေသန ပြုလုပ်ရေး အဖွဲ့မှ သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger