www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 13, 2016

ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပစ္စည်းများ ထုတ်ယူနိုင်



ရန်ကုန် ၊ ၁၃-၁-၂ဝ၁၆

၂ဝ၁၆ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ YYIM 2016 ၏ ပြိုင်ပွဲဝင်များ အနေဖြင့် ၄င်းတို့၏ပြိုင်ပွဲဝင် ပစ္စည်းများ (Race Pack) ကို ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လာရောက် ထုတ်ယူ နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ပစ္စည်းများတွင် ပြိုင်ပွဲဝင်တီရှပ်၊ ပြိုင်ပွဲဝင် အမှတ်စဉ်၊ ပြိုင်ပွဲလမ်းညွှန် နှင့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲစပွန်ဆာ များ၏ အမှတ်တရ လက်ဆောင်များ ပါဝင်မည် ဖြစ်သည်။

ပြိုင်ပွဲဝင်သူများ အနေဖြင့် အဆိုပါပြိုင်ပွဲဝင် ပစ္စည်းများကို မဖြစ်မနေ ထုတ်ယူရန် လိုအပ်ပြီး ကိုယ်တိုင် မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်ဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။ ကိုယ်စားလှယ်ဖြင့် ထုတ်ယူရာတွင် ကိုယ်စားလှယ် ဖြင့် ထုတ်ယူကြောင်း အထောက်အထား၊ ပြိုင်ပွဲဝင်၏ ပြိုင်ပွဲယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ဖြတ်ပိုင်းမိတ္တူ၊ ပြိုင်ပွဲဝင်၏ မှတ်ပုံတင် မိတ္တူနှင့် အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်သူများ အနေဖြင့် မိဘ သို့မဟုတ် အုပ်ထိန်းသူမှ အာမခံချက် စာရွက်၌ ပြိုင်ပွဲဝင် ပစ္စည်းများ ထုတ်ယူချိန်တွင် လက်မှတ်ထိုးရန် လိုအပ်ကြောင်း သိရသည်။

နိုင်ငံတကာမှ ပြိုင်ပွဲဝင်များ အနေဖြင့် ၄င်းတို့၏ Race Pack များကို ပြိုင်ပွဲကျင်းပမည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် နံနက် ၄ နာရီမှ ၇ နာရီအတွင်း သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ အတွင်းရှိ Race Village Information Booth တွင် ထုတ်ယူနိုင်မည် ဖြစ်ပြီး Race Pack ထုတ်ယူရန် နှင့် ပြိုင်ပွဲရက် အစီအစဉ်များ အကြောင်း ပိုမိုသိရှိလိုပါက http://www.yomayangonmarathon.com/race-entry-packcollection/ တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲဝင်သူတိုင်း အနေဖြင့် ပြိုင်ပွဲပြီးဆုံးခြင်း ဆုတံဆိပ်များကို ပြိုင်ပွဲ အမျိုးအစားအားလုံး ဖြစ်သည့် မာရသွန်အပြည့် (42.19 km) ၊ မာရသွန်တစ်ဝက် (21 km)၊ စိန်ခေါ်မာရသွန် (10 km) နှင့် (3 km) အပျော်တမ်းအပြေး သို့မဟုတ် လမ်းလျှောက်ပြိုင်ပွဲ များအတွက် ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger