www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 18, 2016

အအိပ်နည်း၊ အစားနည်းပြီး နာကျင်မှုမခံစားရသည့် အင်္ဂလန်မှ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း မိန်းကလေး


Olivia Farnsworth, seven, has a rare chromosome condition stopping her from feeling hunger, fatigue or pain


လန်ဒန် ၊ ၁၈-၁-၂၀၁၆

အစားအသောက်ကို အနည်းငယ်သာ စားသုံးပြီး အနည်းငယ်သာ အိပ်စက်သည့် အပြင် မည်သည့် နာကျင်မှုမျှ မခံစားရသည့် အင်္ဂလန်နိုင်ငံ ဟတ်ဒါစ်ဖီးထ် အရပ်မှ မိန်းကလေး တစ်ဦးကို ဆရာဝန်များက စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း မိန်းကလေးဟု အမည်ပေး ထားကြသည်။

ယင်း မိန်းကလေးသည် ကားတိုက်ခံရကာ ကားနှင့်ကြိတ်မိ သော်လည်း မျက်ရည် တစ်စက်မကျ၊ မည်သည့် ခံစားရမှုမျှ မရှိဘဲ ပုံမှန်အတိုင်း လမ်းလျှောက် နိုင်ခဲ့ခြင်းသည် ဆရာဝန်များအား ခေါင်းခြောက် စေခဲ့သည်။

အသက် ခုနစ်နှစ်အရွယ် ရှိပြီး အိုလီဗီယာ ဖန်စ်ဝေါ့သ်ဟု အမည်တွင်သည့် အဆိုပါ မိန်းကလေးသည် တစ်ခါတစ်ရံတွင် သုံးရက် သုံးညတိုင်တိုင် မအိပ်စက်ဘဲ နေနိုင်သည့် အတွက် ၄င်းသည် ရှားပါးလှသော ခရိုမိုဆုန်း မူမမှန်ရောဂါ ဖြစ်သည့် Chromosome 6 ပျောက်ဆုံးသည့် ရောဂါကို ခံစားနေရခြင်း ဖြစ်ကြောင်း ဆရာဝန်များက သတ်မှတ် ထားသည်။

ထို့ပြင် ၄င်းမိန်းကလေး သည် ရောဂါလက္ခဏာ ကဲ့သို့ လက္ခဏာသုံးမျိုးကို တစ်ပြိုင်နက်တည်း ပြသသည့် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော လူသားဖြစ်ကြောင်း ဆရာဝန်များက ယူဆထားသည်။

အိုလီဗီယာ၏ ယခုကဲ့သို့ လက္ခဏာများသည် ၄င်းအသက်ကိုးလ အရွယ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ကလေးတစ်ယောက် ကဲ့သို့ ငိုယိုခြင်းနှင့် အိပ်စက်ခြင်းများ မရှိမှုသည် ထိုအချိန်မှစ၍ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း နှင့် အသက်လေးနှစ် မတိုင်မီအချိန်ထိ ၄င်း၏ ဆံပင်သည် ပုံမှန်ဖွံ့ဖြိုးမှု မရှိခဲ့ကြောင်း မိခင်ဖြစ်သည့် ကလေးငါးယောက် အမေ အသက် ၃၂ နှစ်အရွယ် နီကီထရီပက် က ပြောသည်။

''သူ ကားတိုက်ခံ ရတုန်းကဆိုရင် ကားဆယ်စီးစာ လောက်ကို တရွတ်တိုက် ပါသွားခဲ့ပြီး ကြိတ်မိခဲ့တာ။ ဒါပေမဲ့ သူကဘာမှ မဖြစ်တဲ့အတိုင်း ကျွန်မတို့ဆီကို ပြန်ပြီးလမ်းလျှောက် လာတာ။ စစ်ကြည့် လိုက်တော့လည်း သူ့ရဲ့ခြေမနဲ့ တင်ပါးမှာ အရေပြား အနည်းငယ်လန်ပြီး ဗိုက်ပေါ်မှာ ကားဘီးရာ ထင်တာကလွဲလို့ ဘာမှမဖြစ်ခဲ့ ပါဘူး'' ဟု ထရီပက် က ပြောသည်။

အိုလီဗီယာ ၏ ရောဂါသည် ကမ္ဘာပေါ်တွင် လက်ရှိအချိန်ထိ တစ်ဦးတည်းသာ ရှိနိုင်သော ရောဂါဖြစ်ပြီး ၄င်း၏ရောဂါ ပျောက်ကင်းအောင် ကုသရန် မဖြစ်နိုင်သော်လည်း သက်သာအောင် လုပ်ဆောင်ပေး နိုင်ကြောင်း ဇီဝဗေဒ သုတေသန ပညာရှင်ဟောင်း တစ်ဦးဖြစ်သည့် ဒေါက်တာ ဘီဗာလီဆီးရဲလ် က ပြောကြား ထားသည်။

ကောင်းထက်

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger