www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 22, 2016

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၇၅)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅ဝ) သင်တန်းဆင်း အခမ်းအနားပြုလုပ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၅)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅ဝ) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်


ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း အကောင်းဆုံး ကျောင်းသားဆုရသူ တစ်ဦးကို ထူးချွန်ဆု ပေးအပ်ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၂-၁-၂ဝ၁၆

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၅)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅ဝ) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့၊ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ရန်ကုန်တပ်နယ် နှင့် သန်လျင်တပ်နယ် တို့မှ တပ်မတော်အရာရှိ ကြီးများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များသည် စစ်ရေးပြကွင်း အတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြု ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက် အလေးပြုကြသည်။ ထိုသို့ ချီတက်အလေးပြု နေစဉ် တပ်မတော်(ရေ မှ စစ်ရေယာဉ် များက ရန်ကုန်မြစ်အတွင်းမှ ကာကွယ်ရေး ဦးစီးချုပ်(ရေ) အား ပုံပြုချီတက် မောင်းနှင်အလေးပြု ကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ ) က တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၅)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၁ဝ၉ ဗိုလ် လှမျိုးမင်း အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅ဝ) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၁၃၉ ဗိုလ် အောင်နိုင်ဝင်း အားလည်းကောင်း ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ)က သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

၎င်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။ အခမ်းအနား အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ ) နှင့် အခမ်းအနား တက်ရောက်လာသည့် အရာရှိကြီးများသည် ကျောင်းဆင်း အရာရှိများနှင့် အတူ စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger