www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 10, 2015

နည်းပညာလောင်းရိပ်အောက်က ခေတ်ကလေးများ



နည်းပညာလောင်းရိပ်အောက်က ခေတ်ကလေးများ

ချမ်းမြေ့စံ

ယနေ့ခေတ်လို Social Network တွေ များပြားလာတဲ့ ခေတ်ကြီးမှာ အားလုံးက ဖုန်းနဲ့မျက်နှာ ၊ ကွန်ပျူတာနဲ့ မျက်နှာ မခွာနိုင်ဖြစ်ပြီး ကိုယ်လက် လှုပ်ရှားမှုတွေ အားနည်း လာကြပါပြီ။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ Social Network တွေ များပြားတာဟာ တစ်ယောက်နဲ့ တစ်ယောက် ကမ္ဘာကြီးကို အဆက်အသွယ် မပြတ်နိုင်စေ ပေမယ့် အဆိုးဘက်က ပြန်ကြည့်တဲ့ အခါ လူတွေက လှုပ်ရှားမှုတွေ တက်ကြွမှုတွေ နည်းပါး လာကြပါပြီ။ အဲဒီထဲကဆိုရင် ကလေးတွေ က အဆိုးဆုံး ဖြစ်ပါတယ်။ ကလေးတွေ က နောင် တစ်ချိန်မှာ လော ကအတွက် လက်ဆင့်ကမ်း တာဝန်တွေ ထမ်းဆောင် ရဦးမှာပါ။ သူတို့အတွက် ဖြတ်သန်းရမယ့် အချိန်တွေက အများကြီး ရှိပါသေးတယ်။

တက်ကြွလှုပ်ရှားမှု အားနည်းလာခြင်း ၊ နည်းပါးလာခြင်း က ခန္ဓာကိုယ် အလေးချိန်ကို တိုးလာစေပြီး အ၀လွန်ခြင်းနဲ့ ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ

တက်ကြွ လှုပ်ရှားမှု အားနည်းခြင်းက ကလေးတွေ အတွက် ဆိုးကျိုးအနေနဲ့ အ၀လွန်ရောဂါ ခံစား ရရှိနိုင်ပါတယ်။ နောက်ပြီး လှုပ်ရှားမှု အားနည်းတဲ့ ကလေးတွေက သာမန် လေ့ကျင့်ခန်း လုပ်တဲ့ ကလေးတွေထက် အရိုးကြွက်သားများ အားနည်းတတ် ပါတယ်။ အဆိုးဆုံး အနေနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါးတဲ့ ကလေးတွေမှာ သွေုးတိုးခြင်း ၊ သွေးတွင်း ကိုလက်စ်ထရော များပြားခြင်း စတဲ့ ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်တဲ့ အပြင် စိတ်ပိုင်းဆိုင်ရာ အရ ဘ၀မှာ သိမ်ငယ် ၊ ညှိုးငယ် နေတတ်ပါတယ်။

ဘယ်လိုကလေးတွေ အဖြစ်များသလဲ

ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါးလာခြင်းက အထိုင်များတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ အင်တာနက် ၊ ရုပ်သံအစီအစဉ် တွေက တစ်နေ့တာ (၂၄) နာရီလုံး ဖျော်ဖြေမှုတွေ ပေးနေပါတယ်။ ညမိုးချုပ်အထိ Social Network တွေ သုံးတာမျိုး ၊ တီဗွီရှေ့မှာ အကြာကြီး အချိန်ကုန်ဆုံး တာမျိုးက အိပ်စက် အနားယူချိန်ကို ထိခိုက်စေပါတယ်။ အိပ်ရေးပျက် ညတွေ များပြားလာတဲ့ အခါ နေ့အချိန်မှာ ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ် လှုပ်ရှားမှု တွေမှာ တစ်စတစ်စ နည်းပါးလာ ပါတော့တယ်

ဘယ်လို လှုပ်ရှားမှုတွေက ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို အတားအဆီး ဖြစ်စေသလဲ

ကလေးတွေရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု အားနည်းလာရတဲ့ အတားအဆီး တွေက အများကြီး မရှိပါဘူး။ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး တခြား ၀ါသနာ လှုပ်ရှားမှုတွေကို လျော့ပါးသွားစေတာ ကတော့ ဂိမ်းကစားခြင်း ၊ လူမှုကွန်ရက် တွေ သုံးစွဲခြင်း လို စွဲလမ်းစေတဲ့ ပြဿနာတွေ ပါပဲ။ ပတ်ဝန်းကျင် အရ ဆိုးရွားတဲ့ ရာသီဥတု နဲ့ လမ်းပန်း ဆက်သွယ်မှု အားနည်းခြင်းက ကလေးတွေရဲ့ လှုပ်ရှားမှုကို အားနည်း သွားစေပါတယ်။ ပညာ သင်ကြားရေး ပိုင်းမှာဆိုရင် ရပ်နားချိန်မရှိ တရစပ် သင်ကြားမှုတွေ ၊ များပြားလှတဲ့ အိမ်စာတွေက ကလေးတွေရဲ့ လှုပ်ရှားမှုကို အားနည်းသွား စေပါတယ်။

မိဘတွေအနေနဲ့ ဘယ်လို ထိန်းချုပ်မလဲ

ကလေးငယ်တွေ အကြား အ၀လွန်မှု ပြဿနာတွေက တီဗွီ ၊ ကွန်ပျူတာ ရှေ့ အကြာကြီး အချိန်ကုန်ဆုံး နေတနဲ့ သက်ဆိုင်ပါတယ်။ အဲဒါကြောင့် အ၀လွန်ခြင်းနဲ့ နောက်ဆက်တွဲ ဝေဒနာတွေရဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင် ဖို့ကတော့ တီဗွီကြည့်ချိန် ၊ ကွန်ပျူတာ အသုံးပြုချိန် တွေကို ကန့်သတ်လိုက်ဖို့ ပါပဲ။ တစ်နေ့မှာ ဖျော်ဖြေမှု အစီအစဉ်တွေကို အများဆုံး (၂) နာရီခန့်သာ သတ်မှတ်လိုက်ပါ။ မိဘတွေ အနေနဲ့လည်း အားလပ်ရက်လို မျိုးမှာ ကလေးတွေနဲ့ အတူ သဘင်အဖွဲ့လေး တွေမှာ ပါဝင်လှုပ်ရှား တာတွေဖြစ်စေ ၊ အားကစား ဆောင်ရွက်တာမျိုး ဖြစ်စေ လုပ်ပေး သင့်ပါတယ်။

Health Guide

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger