www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

မျိုးသုန်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဘဲခေါင်းစိမ်းကောင်ရေစာရင်း ကောက်ယူခြင်းကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီဒုတိယပတ် အတွင်း စတင်သွားမည်



ရန်ကုန် ၊ ၈-၁၂-၂၀၁၅

မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဘဲခေါင်းစိမ်း (Baer's Pochard) ကောင်ရေစာရင်း ကောက်ယူခြင်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ် အတွင်းမှစတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) မှ ငှက်လေ့လာရေး သုတေသန ပညာရှင် ဒေါ်သီရိဒေဝီအောင် ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မျိုးစိတ်သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီး အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး သုတေသနပြု လေ့လာချက်များ အရ ၂ဝဝ၆ ခုနှစ်တွင် အင်းလေးကန်၌ ကောင်ရေ ၇ဝ ခန့် တွေ့ရှိရ၍ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ၄င်းတို့လာရောက် ဆောင်းခို နေထိုင် ကျက်စားသည့် ရေတိမ်ဒေသ များကို ထိန်းသိမ်းရန် လိုကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) မှ သိရသည်။

အဆိုပါ ဘဲခေါင်းစိမ်း ( Baer's Pochard ) သည် ရေဘဲမျိုးစိတ် တစ်မျိုးဖြစ်ပြီး ရုရှားနှင့် တရုတ်နိုင်ငံ တို့တွင် ကျက်စား နေထိုင်လေ့ရှိကာ မြန်မာနိုင်ငံ အပါအဝင် အာရှအလယ်ပိုင်း ဒေသတို့သို့ ဆောင်းခိုရန် လာရောက်လေ့ ရှိရာ အင်းလေးကန်၊ ပလိပ်အင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တို့၌ ဘဲခေါင်းစိမ်း အကောင်ရေ အများဆုံး တွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ငှက်မျိုးစိတ် ၁ဝဝဝ ကျော်ရှိပြီး မျိုးစိတ် ၄၉ မျိုးမှာ မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရကြောင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger