www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

ရေဘေးသင့် ပြည်သူများအတွက် ကူဝိတ်နိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ သယ်ဆောင်လာသော အထူးလေယာဉ် ရောက်ရှိ



ရန်ကုန် ၊ ၈-၁၂-၂၀၁၅

မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများ အတွက် ကူဝိတ်နိုင်ငံ ကြက်ခြေနီ အသင်းမှ လှူဒါန်း တင်ပို့သော အလေးချန် ၄၀၀၀ ကီလိုဂရမ်ရှိ ဆေးဝါး စုစုပေါင်း (4)pits ကို သယ်ဆောင်သည့် ကူဝိတ်နိုင်ငံ တပ်မတော် လေတပ်မှ လေယာဉ် အမျိုးအစား C1 30 J ၊ လေယာဉ်အမှတ် KAH-327  အထူးလေယာဉ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဒါကာလေဆိပ် မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိသည်။

အဆိုပါ လှူဒါန်းဆေးဝါး များအား မြန်မာနိုင်ငံ ဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Ahmad Amshai Muzaini ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ သံတမန်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန (ရန်ကုန်တိုင်း ဒေသကြီး) မှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တာဝန်ရှိ သူတို့ လာရောက် ကြိုဆိုကြပြီး ပစ္စည်းများလက်ခံ ထုတ်ယူခဲ့ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger