www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချ



နေပြည်တော် ၊ ၈-၁၂-၂ဝ၁၅

ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ရောင်းချလျက် ရှိရာ လာရောက်လေ့လာ ဝယ်ယူကြသူ များဖြင့် စည်ကားလျက် ရှိသည်။

ရတနာကုန်သည် များသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပရိဝုဏ်အတွင်း ဧရိယာအလိုက် ခင်းကျင်းပြသ ထားသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချပေးမည့် ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်း အသားကျောက် များကို ကြည့်ရှုရွေးချယ် ကြသည်။

အဆိုပါပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ(GTC) လိုင်စင်ရယူထား သူများနှင့်  ကျောက်မျက်ရတနာ ကုမ္ပဏီ မှတ်ပုံတင်ရရှိပြီး သူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို တက်ရောက်ခွင့်ပြု ထားကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ယူရိုငွေဖြင့် ရောင်း ချသည့် ကျောက် မျက်ပြပွဲ နှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ရောင်းချပွဲဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပပေးလျက် ရှိသည်။

ယခု ကျောက်မျက် ပြပွဲတွင် ကျောက်မျက်ရိုင်း ၁၅၂ တွဲနှင့် ကျောက်စိမ်း အသားကျောက် ၆၈၂၆ တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

ကျောက်မျက်ရိုင်း ၁၅၂ တွဲကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ကြည့်ရှု လေ့လာ၍ ဈေးနှုန်း အဆိုပြုလွှာ များကို တင်ဒါပုံများသို့ ထည့်သွင်း နိုင်ပြီး ဒီဇင်ဘာ ၉ ရက်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျောက်စိမ်း အသားကျောက် ၆၈၂၆ တွဲကို ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ကြည့်ရှု လေ့လာ၍ ဈေးနှုန်း အဆိုပြုလွှာ များကို တင်ဒါပုံ များသို့ ထည့်သွင်း ရမည် ဖြစ်ကာ ဒီဇင်ဘာ ၁ဝ ရက်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger