www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 2, 2015

အမှန်တကယ် လုပ်ငန်းလည်ပတ်နေသည့် အထောက်အထား ပြနိုင်မှသာ ကုမ္ပဏီလုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုမည်



ရန်ကုန် ၊ ၂-၁၂-၂ဝ၁၅

လုပ်ငန်း လည်ပတ်ခြင်း မရှိသည့် ကုမ္ပဏီများကို ရှင်းလင်း ဖယ်ရှားရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အမှန်တကယ် လုပ်ငန်း လည်ပတ်နေသည့် အထောက်အထား ပြနိုင်မှသာ ကုမ္ပဏီ လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

''ကုမ္ပဏီတွေ လုပ်ငန်းလည်ပတ် နေခြင်း ရှိ၊ မရှိ အကြောင်းကြားဖို့ ကို စက်တင်ဘာလ က ကြေညာခဲ့တယ်၊။ ဒါပေမဲ့ ကုမ္ပဏီ အများစုက အခုချိန်ထိ ဆက်သွယ်ခြင်း မရှိသေးဘူး။ ဆက်သွယ်ခြင်း မရှိတဲ့ ကုမ္ပဏီ တွေကို ဒီဇင်ဘာ ၁၄ ရက်အထိ စောင့်မယ်။ အဲဒီ အချိန်အထိ ဆက်သွယ် မလာရင်တော့ ကုမ္ပဏီ အက်ဥပဒေ အရ မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက် သွားမှာပါ'' ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ မဆက်သွယ်သည့် မည်သည့် ကုမ္ပဏီကို မဆို ဖျက်သိမ်းမည် ဖြစ်ပြီး အမှန်တကယ် လည်ပတ် နေသည့် အထောက်အထား ပြနိုင် မှသာ ကုမ္ပဏီ လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုမည် ဖြစ်ကြောင်း၊ ပြည်တွင်း ကုမ္ပဏီ နှစ်သောင်းကျော် နှင့် ပြည်ပ ကုမ္ပဏီ နှစ်ထောင်ကျော်မှာ ဆက်သွယ်ခြင်း မရှိသေးသည့် အတွက် ကုမ္ပဏီ အက်ဥပဒေ အရ နှစ်ပတ်အတွင်း မဆက်သွယ် ပါက မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်မည်ဟု ကြေညာ ထားကြောင်း သိရသည်။

ဆက်သွယ်ရန် လိုအပ်နေသည့် ကုမ္ပဏီများ အနေဖြင့် ဖုန်းဖြင့် လည်းကောင်း၊ ဖက်စ်ဖြင့် လည်းကောင်း အလွယ်တကူ ဆက်သွယ် နိုင်ကြောင်း၊ ဆက်သွယ်ခြင်း မရှိ၍ ဖျက်သိမ်းမည့် ကုမ္ပဏီ အရေအတွက် သည် လက်ရှိ

လည်ပတ်နေသည့် ကုမ္ပဏီ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိကြောင်း၊ ဒီဇင်ဘာ ၁၄ ရက်အထိ ဆက်သွယ်ရန် ပျက်ကွက်ပါက ကုမ္ပဏီ မှတ်ပုံတင် စာရင်း ပယ်ဖျက်ခြင်းကို ပထမအဆင့် ဆောင်ရွက်မည် ဖြစ်ပြီး ကုမ္ပဏီ ဖျက်သိမ်းခြင်းကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ ဖျက်သိမ်းပြီးမှ ပြန်လည် လျှောက်ထားမည် ဆိုပါက အမှန်တကယ် လုပ်ငန်း လည်ပတ်နေကြောင်းအထောက်အထား ခိုင်မာမှသာ မှတ်ပုံတင် ပြန်လည် လျှောက်ထား ခွင့်ပြုမည် ဖြစ်ပြီး ဆက်သွယ်ရန် ပျက်ကွက် သည့် ကုမ္ပဏီများတွင် ပြည်တွင်းရှိ ထိပ်တန်း ကုမ္ပဏီများလည်း ပါဝင်ကြောင်း၊ လက်ရှိတွင် မှတ်ပုံတင် ထားသည့် ပြည်တွင်း ကုမ္ပဏီ ၄၃ဝဝဝ ကျော်နှင့် ပြည်ပကုမ္ပဏီ ၄ဝဝဝ ကျော်ရှိပြီး ကုမ္ပဏီ စုစုပေါင်း ၄၇ဝဝဝ ကျော် ရှိကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger