www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

သဘာဝဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးလက်အိမ်ရာပေါင်း ၃၀၀၀ ခန့် ပြန်လည်တည်ဆောက် ပေးရန်လျာထား



ရန်ကုန် ၊ ၁၁-၁၁-၂၀၁၅

သဘာဝဘေးဒဏ် ခံခဲ့ရသော ပြည်သူများ အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျေးလက် အိမ်ရာပေါင်း ၃ဝဝဝ ခန့် ပြန်လည် တည်ဆောက်ပေးရန် လျာထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သဘာဝဘေး ကျရောက်သော မြို့နယ်များ၊ ကျေးရွာများနှင့် သဘာဝဘေး ဒဏ်ခံ ခဲ့ရသော ပြည်သူများ အတွက် ယခင်က အိမ်ရာများကို တိုင်းဒေသကြီး နှင့် ပြည်နယ်တို့ရှိ မြို့နယ်များ အလိုက် လျာထား တည်ဆောက် ပေးခဲ့သော်လည်း လာမည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်သာ လျာထားကြောင်း သိရသည်။

အိမ်တစ်လုံးလျှင် ကျပ်သိန်း ၃ဝ နှုန်းဖြင့် ပျဉ်ထောင်၊ ပျဉ်ခင်းနှင့် သွပ်မိုးအိမ် အလုံး ၂၉၂ဝ တည်ဆောက်ရန် လျာထားပြီး တည်ဆောက်မည့် အိမ်ရာများ ရွေးချယ်မှုကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသဆိုင်ရာ အာဏာပိုင် များနှင့် လွှတ်တော် ကိုယ်စားလှယ် များက ညှိနှိုင်း ဆောင်ရွက်ကာ ရွေးချယ် တင်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှ အဆုံးအဖြတ် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်အိမ်ရာ (ပုံ) များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စတင်ဖွဲ့စည်း ခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ပြီး တရားဝင် စာရင်းများအရ ၂ဝ၁၂-၂ဝ၁၃ 

ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၁၈၄ ရွာ၌ အိမ် ၅၂၃ လုံး ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၄ ရွာ၌ အိမ် ၁ဝ၃၁ လုံး ၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂ဝ၅ ရွာ၌ အိမ် ၁၄၆၂ လုံး တည်ဆောက်ပေး ခဲ့ကာယခုနှစ်တွင် ကျေးရွာ ၅၄၃ ရွာ၌ အိမ် ၃ဝ၁၆ လုံး တည်ဆောက်ပေးလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် လေးနှစ်တာ ကာလအတွင်း နေပြည်တော် ကောင်စီနယ်မြေ၌ အိမ် ၆၂ လုံး၊ ကချင်ပြည်နယ်၌ အိမ် ၉၇၁ လုံး၊ ချင်းပြည်နယ်၌ အိမ် ၃၇၇ လုံး၊ ကယားပြည်နယ်၌ အိမ်အလုံး ၇၁ဝ ၊ ကရင်ပြည်နယ်၌ အိမ် ၂၁၄ လုံး၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ အိမ် ၃၃၉ လုံး၊ တနင်္သာရီတိုင်း ဒေသကြီး၌ အိမ် ၂၂၂ လုံး၊ ပဲခူးတိုင်း ဒေသကြီး၌ အိမ် ၃၆ဝ လုံး၊ မကွေးတိုင်း ဒေသကြီး၌ အိမ် ၃၄၈ လုံး၊ မန္တလေးတိုင်း ဒေသကြီး၌ အိမ် ၃၂၅ လုံး၊ မွန်ပြည်နယ်၌ အိမ် ၁၃၅ လုံး၊ ရခိုင်ပြည်နယ်၌ အိမ် ၃ဝ၉ လုံး၊ ရန်ကုန်တိုင်း ဒေသကြီး၌ အိမ် ၁၉၇ လုံး၊ ဧရာဝတီတိုင်း ဒေသကြီး၌ အိမ် ၅၆၆ လုံး၊ ရှမ်းပြည်နယ်၌ အိမ် ၄၇၁ လုံး စသည်ဖြင့် တည်ဆောက်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည့် ပအိုဝ်းဒေသ၊ ပလောင်ဒေသ၊ ကိုးကန့်ဒေသ၊ ဝဒေသနှင့် နာဂဒေသတို့၌ အိမ် ၅၃ လုံးစီ တည်ဆောက် ပေးခဲ့ပြီး ဓနုဒေသ၌ အိမ် ၆၅ လုံး တည်ဆောက် ပေးခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger