www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 12, 2015

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံ၌ ရုံးခန်းများ စတင်ငှားရမ်းနိုင်


ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု Hoang Anh Gia Lia အဆောက်အအုံ များကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၂-၁၁-၂၀၁၅

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံ၌ ရုံးခန်းများ စတင် ငှားရမ်းနိုင်ပြီ ဖြစ်ပြီး တစ်စတုရန်း မီတာ ပတ်လည်လျှင် ငှားရမ်းခ အမေရိကန် ဒေါ်လာ ၆၆ ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံသည် ဧရိယာ စတုရန်းမီတာ ၁ဝ၈ဝဝ ကျယ်ဝန်းကာ သီးခြားရုံး အဆောက်အအုံ ပါဝင်ပြီး စတုရန်းမီတာ ၆ဝဝဝဝ ကျယ်ဝန်းသည့် ရုံးခန်းနေရာ များဖြင့် ဖွဲ့စည်း တည်ဆောက် ထားကြောင်း၊ အဆောက်အအုံ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်းလေးပိုင်း ခွဲခြားထားကာ ရုံးခန်းများ ငှားရမ်းရန် အဆောက်အအုံမှာ Myanmar Center Tower ဖြစ်ပြီး အထပ်ပေါင်း ၂၂ ထပ် ပါဝင်ကြောင်း သိရသည်။

အထပ်တိုင်းတွင် ဓာတ်လှေကားများ၊ အသေးစိတ် လုံခြုံရေးစနစ်၊ မီးဘေး ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ၊ သီးသန့်လျှပ်စစ် ဗို့အားမြှင့်စက် အပါအဝင် မြေအောက်ထပ်၌ ယာဉ်အစီးရေ ၄ဝဝဝ ဆံ့သည့် ကားပါကင် ပါဝင်မည် ဖြစ်သည်။ ထို့ပြင် Myanmar Center Tower ၌ ငှားရမ်း နေထိုင်ရန် စာချုပ်ချုပ်ဆို ထားသည့် ရုံးလုပ်ငန်း များထဲတွင် ဂျာမန်ကုမ္ပဏီ ဖြစ်သည့် Siemens ၊ ဗြိတိန်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Price Water Housecoopers ကုမ္ပဏီ၊ တရုတ်အမျိုးသား ရေနံကုမ္ပဏီ တို့အပြင် တခြားကုမ္ပဏီ များလည်း ပါဝင်ကြောင်း သိရသည်။

Myanmar Center Tower သည် ၁ဝဝ ရာခိုင်နှုန်း ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု ဖြစ်ပြီး စီမံကိန်းကို ကဏ္ဍနှစ်ပိုင်း ခွဲခြားထားကာ ပထမကဏ္ဍတွင် A အဆင့်ရှိ ရုံးခန်းတာဝါ နှစ်ခု၊ လက်လီ ရောင်းချသည့် ဆိုင်ခန်းနေရာ နှင့် ဟိုတယ်တစ်ခု ပါဝင်ကြောင်း၊ တည်ဆောက်မှု၏ ဒုတိကဏ္ဍတွင် A အဆင့်ရှိ ရုံးခန်းတာဝါ အဆောက်အအုံ နှစ်ခုနှင့် လူနေအိမ် အဆောက်အအုံ ငါးခု ပါရှိမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger