www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

IFC မှ ရေအားလျှပ်စစ်စီမံကိန်းများ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် အကြံပေးကူညီမှုများ ပြုလုပ်မည်


ရန်ကုန် ၊ ၁၃-၁၀-၂၀၁၅

International Finance Corp (IFC) မှ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းများတွင် လိုအပ်သော စွမ်းအင်များကို ရေအားလျှပ်စစ်မှ ရယူရန် ပံ့ပိုးမှုများ ပြုလုပ်ပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံ၌ အဆင့်တန်း မြင့်မားစွာဖြင့် ရေအားလျှပ်စစ် လုပ်ငန်း ဆောင်ရွက်နိုင်ရန် အကြံပေး ကူညီမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာ့ဘဏ် အုပ်စုအနေနဲ့ လိုအပ်တဲ့စွမ်းအင် တွေကို ရေအားကရယူဖို့ ပံ့ပိုးပေးပါမယ်။ ကမ္ဘာ့စွမ်းအင် ကောင်စီမှာ မြန်မာနိုင်ငံ ရေအားလျှပ်စစ် စွမ်းအင် လိုအပ်ချက် တွေကို ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း အစရှိတဲ့ မြစ်ကြီးလေးစင်း ကနေ ထုတ်ယူလို့ ရပါတယ်။ IFC အနေနဲ့ အရေးကြီးတဲ့ ပေါ်လစီတွေ ချမှတ်ပေးခြင်းနဲ့ လေ့ကျင့် သင်ကြားမှု တွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ပြုလုပ်ပေး သွားမှာပါ''ဟု IFC Myanmar ဌာနေ ကိုယ်စားလှယ် Vikram Kumar က ပြောသည်။

IFC သည် ၂ဝ၁၂ ခုနှစ်တွင် လာအိုအစိုးရနှင့် ပူးပေါင်းကာ ရေအားလျှပ်စစ် ကုမ္ပဏီများ၊ ဘဏ်များ၏ ပံ့ပိုးမှုဖြင့် ရေအားလျှပ်စစ် စွမ်းအင် ဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ရွက် ခဲ့ကြောင်း၊ ထို့အပြင် IFC မှ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းများ အတွက် ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

IFC နှင့် မြန်မာနိုင်ငံ ပူးပေါင်းသဘောတူညီမှု အရ ၄င်းမြစ်ကြီး လေးစင်းမှ ရေအားလျှပ်စစ်များ ထုတ်ယူသုံးစွဲ နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၄င်း ရေအားလျှပ်စစ် စီမံကိန်းများ၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ အတွက် အကြံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger