www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

ရက်သားကင်ဆာ ကာကွယ်ကုသရေး အကြောင်း နောက်ဆုံးတွေ့ရှိချက်များ ထုတ်ပြန်


ဝါရှင်တန် ၊ ၁၅-၁၀-၂၀၁၅

ရင်သားကင်ဆာ နှင့် ပတ်သက်၍ နောက်ဆုံး လေ့လာ တွေ့ရှိချက် အရ အဖြစ်များသော ရင်သားကင်ဆာ များကို ဆောလျင်စွာ တွေ့ရှိကုသ နိုင်လျှင် ယခင်က ကဲ့သို့ ဓာတ်ကင်ကုထုံး ကို ပြင်းပြင်းထန်ထန် အသုံးပြုရန် လိုအပ်တော့မည် မဟုတ်ဘဲ ဓာတ်ကင် ကုထုံးကြောင့် ဖြစ်ပွား လာနိုင်သည့် ဘေးထွက်ဆိုးကျိုး များကိုလည်း သိသာစွာ လျှော့ချ နိုင်တော့မည် ဖြစ်ကြောင်း အမေရိကန် အခြေစိုက် အပြည်ပြည် ဆိုင်ရာ ကင်ဆာဂျာနယ် တွင် ဖော်ပြ ထားသည်။

အဆိုပါ လေ့လာ ဆန်းစစ်မှုတွင် နိုင်ငံတကာမှ ရင်သားကင်ဆာ ဖြစ်ပွားနေသူ အမျိုးသမီး ဦးရေ ၁ဝဝဝဝ ကို ရောဂါအနု ၊ အလတ် ၊ အရင့် အဆင့်သုံးဆင့် ခွဲကာ စမ်းသပ် စစ်ဆေးလျက် ရှိပြီး ဗီဇဓာတုပစ္စည်း ကွဲပြားမှုများ အလိုက် ကင်ဆာကြောင့် ပျက်စီး ဆုံးရှုံးသွားသော ဆဲလ်များ နေရာတွင် ဆဲလ်အသစ်များ ပြန်လည် ဖြစ်ပွားလာအောင် ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် ကင်ဆာရောဂါ သက်တမ်းနုနယ် သေးသော အမျိုးသမီးများ အတွက် ဓာတ်ကင် ကုသမှုခံယူရန် လိုအပ်တော့မည် မဟုတ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

''နောက်ထပ် ငါးနှစ်မှာဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားဖူးသူရဲ့ ၉၉ ရာခိုင်နှုန်း ထက်မနည်းတို့က ကင်ဆာထပ်မံ ဖြစ်ပွားတာမျိုးကို ခံစားရတော့မှာ မဟုတ်ပါဘူး။ ရင်သား တစ်ဖက်မှာ ကင်ဆာ ဖြစ်ပွားရင် နောက်တစ်ဖက်ကို လဲ ကူးစက်သွားတဲ့ နှုန်းကိုလဲ ၉၄ ရာခိုင်နှုန်းထိ ကာကွယ်သွား နိုင်မှာ ဖြစ်ပါတယ် '' ဟု အပြည်ပြည် ဆိုင်ရာ ကင်ဆာဂျာနယ် မှ သုတေသီ တစ်ဦးက ပြောပြသည်။

အမေရိကန် ပြည်ထောင်စုတွင် အောက်တိုဘာလ ကို ရင်သားကင်ဆာ အသိသတိ ရှိရေးလ အဖြစ် သတ်မှတ်ကာ တစ်လလုံး ရင်သားကင်ဆာ အကြောင်း အသိပညာ ပေးခြင်း၊ အတွေ့အကြုံ ရှိသူများက လူနာသစ်များကို အားပေးခြင်း၊ စီတန်း လှည့်လည်ခြင်း တို့ကို ပြုလုပ်လေ့ရှိရာ အောက်တိုဘာ ၁၁ ရက်ကလည်း ပန်းရောင်ဖဲပြားများ တပ်ဆင်ကာ အေးချမ်းစွာ စီတန်း လမ်းလျှောက် ခဲ့ကြပြီး ရင်သားကင်ဆာ ကို လျစ်လျူမရှု ကြရန် လှုံ့ဆော်ခဲ့ ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger