www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

ဆွဲငင်အားမဲ့ဇုန်၌ နေထိုင်ကြသော အာကာသယာဉ်မှူး များ၏ ဦးနှောက်ကို ဆွဲငင်အားမဲ့ဇုန်ကြောင့် ထိခိုက်ခြင်း ရှိ-မရှိ နာဆာလေ့လာ



ဝါရှင်တန် ၊ ၁၅-၁၀-၂၀၁၅

နိုင်ငံတကာ အာကာသစခန်း ပေါ်ရှိ  ဆွဲငင်အား ကင်းမဲ့ဇုန်၌ နေထိုင် လုပ်ကိုင် နေကြသော အာကာသ ယာဉ်မှူးများ၏ ဦးနှောက်သည် တစ်စုံတစ်ရာ ထိခိုက် ပြောင်းလဲမှု ရှိ - မရှိကို နာဆာ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာ သုတေသီများက ပူးပေါင်းစူးစမ်း လေ့လာနေပြီး ဦးနှောက်ပိုင်း ဆိုင်ရာ ပြောင်းလဲ ထိခိုက်မှုများ ရှိပါက မည်သို့ ကုစားရမည်ကို အဖြေရှာ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဆွဲငင်အား ကင်းမဲ့တဲ့ လဟာပြင်ထဲမှာ အာကာသ ယာဉ်မှူးတွေဟာ ခန္ဓာကိုယ် ဟန်ချက်ထိန်းဖို့ ခက်ခဲတာတွေ၊ အကွာအဝေး၊ အပူအအေး အစရှိတဲ့ အာရုံခံစားမှု ဆိုင်ရာ မှားယွင်း တာတွေကို ကြုံတွေ့ခံစား ခဲ့ကြရဖူး ပါတယ်။ ဒီလို ဆွဲငင်အား ကင်းမဲ့ဇုန်မှာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက် တွေဟာ ဘယ်လိုချို့ယွင်း ပြောင်းလဲသလဲ၊ ချို့ယွင်းမှုက အခိုက်အတန့်လား၊ သေရာပါသွား မှာလား၊ အဲဒါကို ဘယ်လိုကုစား လို့ရနိုင်မလဲ ဆိုတာတွေကို အဖြေ ရှာနိုင်ဖို့ အခုလို နိုင်ငံတကာ သုတေသီ တွေကို ငွေကြေးပံ့ပိုး ပေးပြီး စူးစမ်းလေ့လာ စေတာဖြစ် ပါတယ် '' ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''အကွာအဝေး တွက်ချက်တာ တိကျမှန်ကန် မှု ရှိ၊မရှိ ဆိုတာကို နိုင်ငံတကာ အာကာသ စခန်းပေါ်မှာလဲ နောက်ထပ် တစ်ကြိမ် စမ်းသပ်ပါတယ်။ ဒါ့ပြင် အာရုံငါးပါးနဲ့ ခြေလက်လှုပ်ရှားမှု ထပ်တူ ကျ - မကျ ကို လုပ်ပြရတဲ့ အပြင် တစ်ပြိုင်နက် စဉ်းစားပြီး လှုပ်ရှားရတဲ့ ကွန်ပျူတာ အထူး ပြုလုပ်ချက် ပါတဲ့ လေ့ကျင့်ခန်း တွေကိုလဲ လုပ်ပြရပါတယ်။ အာကာသ ယာဉ်မှူးတွေကို နိုင်ငံတကာ အာကာသ စခန်းပေါ် ရောက်တာနဲ့ မကြာခင်မှာပဲ စတင်စမ်းသပ် ပါတယ်။ ခြောက်လနေဖို့ ရောက်လာတဲ့ အာကာသ ယာဉ်မှူးကို နှစ်လတစ်ကြိမ် ဆက်လက် စမ်းသပ်သွားမှာ ဖြစ်ပါတယ် '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

''သူတို့ကို MRI Scan လဲ ဖတ်ထားပါတယ်။ မြေပြင်မှာ တစ်ကြိမ်၊ နိုင်ငံတကာ အာကာသ စခန်းမှာ တစ်ကြိမ် ရိုက်ပါတယ်။ ဦးနှောက်ရဲ့အရွယ်အစား ပြောင်းလဲမှု၊ ပုံပန်းသဏ္ဌာန် ပြောင်းလဲမှု၊ အရည်ပါဝင်မှုနှုန်း အစရှိတာတွေ အားလုံးကို တိုင်းတာ စောင့်ကြည့် နေပါတယ်'' ဟု ၄င်းက ဖြည့်စွက် ရှင်းပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger