www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ



နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

နေပြည်တော်၌ အောက်တိုဘာ ၁၅ ရက် (ယနေ့) တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် လက်မှတ် ရေးထိုးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၁ နာရီခွဲတွင် ဟေလ်တန် ဟိုတယ်သို့ လည်းကောင်း၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) မှ ဦးခွန်ဥက္ကာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၅ နာရီခွဲတွင် ရွိုင်ရယ် ပရက်ဆီးဒင့် ဟိုတယ်သို့ လည်းကောင်း၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)မှ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲတွင် အေစီအီး ဟိုတယ်သို့ လည်းကောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC) မှ ဦးထိန်မောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဟော်ရီဇုန် လိတ်ခ်ဗျူး ဟိုတယ်သို့ လည်းကောင်း အသီးသီး ရောက်ရှိကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲသို့ လေ့လာသူများ အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ နိုင်ငံတကာ အသိသက်သေ အဖြစ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စွဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပမည် ဖြစ်ရာ အခမ်းအနား ကျင်းပပုံ များကို မြန်မာ့ ရုပ်မြင်သံကြား News Channel ၊ လွှတ်တော် Channel နှင့် မြ၀တီရုပ်မြင်သံကြား Myawady Variety Channel တို့မှ နံနက် ၈ နာရီခွဲမှ စတင်၍ တိုက်ရိုက် LIVE ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger