www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 12, 2015

(၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး ၊ အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး (၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး ၊ အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့်ပြိုင်ပွဲ တွင် ပြဇာတ်ပြိုင်ပွဲ၌ အကောင်းဆုံး တံခွန်စိုက်ဆု ရရှိသော နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲအား ဆုချီးမြှင့်စဉ်

ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း ရှေ့ထွက်မင်းသမီး အကောင်းဆုံးဆု ရရှိသူအား ဆုချီးမြှင့်စဉ်

(၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး ၊ အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား တက်ရောက် လာကြသူများ ဆုရရှိသော အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးစဉ်


နေပြည်တော် ၊ ၁၂-၁၀-၂၀၁၅

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ (၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီတွင် နေပြည်တော် အမှတ်(၇) တည်းခိုရေး စခန်း(ရွာတော်) ရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူး များ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ ဗဟိုအဆင့် အကဲဖြတ် ဒိုင်လူကြီးများ၊ အကြံပေး ပညာရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ နှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက် ကြသည်။

ဦးစွာ ဆုချီးမြှင့်ပွဲကို ကျင်းပ ပြုလုပ်ရာ ခေတ်ဟောင်း၊ ကာလပေါ်၊ ခေတ်ပေါ်အဆို ပြိုင်ပွဲများ၊ တစ်ဦးချင်း အကပြိုင်ပွဲ၊ နှစ်ပါးသွား အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်း တစ်ဦးချင်း (မောင်း၊ ပတ်ဝိုင်း) ပြိုင်ပွဲ၊ အဖွဲ့လိုက် မျက်လှည့် ပြိုင်ပွဲနှင့် တစ်ဦးချင်း မျက်လှည့်ပြိုင်ပွဲ များတွင် ပထမဆု ရရှိသူများအား ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး က ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် တိုင်းရင်းသားရိုးရာ ယိမ်းအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ကျေးလက် ယိမ်းအက ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ၊ အဖွဲ့လိုက် အတီးပြိုင်ပွဲ (မြန်မာ့ဆိုင်း၊ ခေတ်ပေါ်)နှင့် အငြိမ့်ပြိုင်ပွဲ များတွင် ပထမဆု ရရှိသော အဖွဲ့များ၊ လူရွှင်တော်၊ ခေါင်းဆောင် မင်းသမီးနှင့် ရှေ့ထွက် မင်းသမီး အကောင်းဆုံးဆု ရရှိသူများအား ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး က ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ပြဇာတ်ပြိုင်ပွဲ ပထမဆု ရရှိသော အဖွဲ့၊ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိသူများနှင့် အကောင်းဆုံး တံခွန်စိုက်ဆု ရရှိသော နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ခွဲအား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက ဆုများပေးအပ် ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲ အပြီးတွင် တက်ရောက် လာကြသူများသည် ဆုရရှိသော အဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှု များကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ကို တပ်ဖွဲ့ဝင် များ၏ အနုသုခုမ ပညာ အရည်အသွေး ပိုမိုတိုးတက် မြင့်မား လာစေရေး ရည်ရွယ်ချက်ဖြင့် ၂ဝဝဝ ပြည့်နှစ်မှ စ၍ နှစ်စဉ်ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger