www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူသစ်စုဆောင်းမှု များကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်



ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင် လာသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁ဝ-၂ဝ၁၅

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ ရွှေဖလားကျ ကျေးရွာ၊ မျဉ်းတပြေး ကျေးရွာ၊ ဟတ်ကြီးကျေးရွာ၊ ပိုင်လာကျေးရွာ နှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများ၌ စက်တင်ဘာလ နှင့် အောက်တိုဘာလ တို့အတွင်း KNLA
တပ်မဟာ(၅) လက်အောက်ခံ အဖွဲ့များက လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ လူသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်း ကြောင့် ကျေးရွာသူ၊ ကျေးရွာသား များသည် မြိုင်ကြီးငူရှိ နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိရာ အောက်တိုဘာ ၉ ရက်အထိ စုစုပေါင်း ကျေးရွာသူ၊ ကျေးရွာ သား ၂၄ဝဝ ကျော် ရောက်ရှိ တိမ်းရှောင်လျက် ရှိကြောင်းနှင့် တာဝန်ရှိ သူများက စားသောက် ဖွယ်ရာများနှင့် အဝတ်အထည် များအား ကူညီထောက်ပံ့ ပေးလျက်ရှိသည်။ KNLA တပ်မဟာ(၅) လက်အောက်ခံ အဖွဲ့များ၏ အတင်းအဓမ္မ လူသစ် စုဆောင်းမှု များကြောင့် ဒေသခံ နယ်မြေလူထု အနေဖြင့် စီးပွားရေး၊ လူမှုရေး များစွာ ထိခိုက်နစ်နာ ရသည့်အပြင် ထွက်ပြေး တိမ်းရှောင် လာရသည့် အိမ်ထောင်စုဝင် များမှ ကျောင်းသူ၊ ကျောင်းသား ၁၇ဝ ဦးခန့် သည်လည်း မြိုင်ကြီးငူ ကျေးရွာရှိ အခြေခံပညာ ကျောင်းများတွင် တက်ရောက် ပညာသင်ကြား ရလျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger