www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 12, 2015

ယဉ်ကျေးမှုဇုန်များတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း မပြုလုပ်မီ အမွေအနှစ်များ ထိခိုက်ပျက်စီးမှုကို ဆန်းစစ်ရန်လိုအပ်



မန္တလေး ၊ ၁၂-၁၀-၂၀၁၅

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာ့ အမွေအနှစ် စာရင်း World Heritage List တွင် ပါဝင်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ ယဉ်ကျေးမှုဇုန် များတွင် ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လုပ်ငန်းများ မပြုလုပ်မီ အမွေအနှစ်များ ထိခိုက် ပျက်စီးမှုကို ဆန်းစစ်ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယဝန်ကြီး ၏ ပြောပြချက် အရ သိရသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရန်အတွက် အထက် မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ၊ ပြဒါးလင်းဂူနှင့် ဆက်စပ်ဂူများ၊ ပုဂံရှေးဟောင်း သုတေသန နယ်မြေနှင့် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများ၊ အင်းလေးကန်၊ မွန်မြို့များ ၊ မြောက်ဦး ရှေးဟောင်း သုတေသန နယ်မြေနှင့် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများ၊ ပျူမြို့ဟောင်းများ၊ ကုန်းဘောင်ခေတ် သစ်သား ဘုန်းတော်ကြီးကျောင်းများကို အဆိုပြု ကမ္ဘာ့ အမွေအနှစ် အမည်စာရင်း တင်သွင်း ထားသည်။

၎င်းတို့အနက် ပျူမြို့ဟောင်းများ ဖြစ်သော ဗိဿနိုး (ပုံ) ၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ကမ္ဘာ့ အမွေအနှစ် အဖြစ် ၂ဝ၁၄ ခုနှစ်ဇွန်လက အတည်ပြု သတ်မှတ်ပြီး ဖြစ်သည်။

ထိုကဲ့သို့ ကမ္ဘာ့ အမွေအနှစ် နေရာ ဖြစ်လာသည်နှင့် အညီ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး လာတော့မည် ဖြစ်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် အမွေအနှစ် များ၏ ရေရှည်တည်တံ့ စေရေးတို့သည် အချိုးညီ ဖြစ်ရန်အတွက် ဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ၏ ပြောကြားချက် အရ သိရသည်။

''ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု မလုပ်မီ အမွေအနှစ် ထိခိုက်မှုကို ဆန်းစစ်ဖို့ လိုပါတယ်။ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ နဲ့အညီ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ အမွေအနှစ် ရေရှည် တည်တံ့ဖို့ ဥပဒေနဲ့ တားမြစ်ရတာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဒြပ်ရှိ ယဉ်ကျေးမှု အမွေအနှစ်များ နည်းတူ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် များကိုလည်း တစ်ဆက်တည်း သုတေသနပြု ဖော်ထုတ်မြှင့်တင် ထိန်းသိမ်းရန် လိုအပ်သည်။ ဒြပ်ရှိ၊  ဒြပ်မဲ့ ယဉ်ကျေးမှု ရောနှောလျက် ရှိသည့် သဘာဝအ မွေအနှစ် လေ့လာစရာ၊ ကြည့်ရှုစရာ များနှင့် ဒေသတွင်း ရိုးရာထွက်ကုန် ၊ စားသောက်ကုန် တို့သည်လည်း ခရီးသွားများ အတွက် ဆွဲဆောင်မှု ရှိစေမည် ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger