www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

တိုက်တန်းနစ်သင်္ဘောပေါ်က စားသောက်ဖွယ်စာရင်းစာရွက် လေလံတင်ရောင်းချမည်


Titanic's last lunch menu to auction for up to $70,000


နယူးယောက် ၊ ၃-၉-၂၀၁၅

လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော်က အတ္တလန္တိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား ခဲ့သည့် တိုက်တန်းနစ် သင်္ဘောပေါ်မှ နောက်ဆုံး ကျန်ရစ်သော နေ့လယ်စာ စားသောက်ဖွယ် စာရင်းစာရွက် ကို အွန်လိုင်းတွင် လေလံတင် ရောင်းချ သွားမည် ဖြစ်ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ စာရွက်ကို ဒေါ်လာ ၇ဝဝဝဝ ဖြင့် ဈေးခေါ် ရောင်းချ သွားမည်ဟု မျှော်လင့်ရသည်။

အဆိုပါ လေလံတင် ရောင်းချပွဲကို အမေရိကန် ကုမ္ပဏီ တစ်ခုက စက်တင်ဘာ ၃ဝ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ယခုလသည် အတ္တလန္တိတ် သမုဒ္ဒရာ ကြမ်းပြင်မှ တိုက်တန်းနစ် သင်္ဘော၏ အပျက်အစီး အပိုင်းအစ များကို ရှာဖွေတွေ့ရှိ ခဲ့သည့် နှစ် ၃ဝ ပြည့်မြောက်သည့် လဖြစ်သည်။ တိုက်တန်းနစ် သင်္ဘောသည် ၁၉၁၂ ခုနှစ် ဧပြီလတွင် နစ်မြုပ် သွားခဲ့ခြင်း ဖြစ်သည်။

စားသောက်ဖွယ် စာရင်းမှာ ဧပြီ ၁၄ ရက် နေ့စွဲဖြင့် ဖော်ပြထားပြီး သင်္ဘောပေါ်ပါ ခရီးသည်များ အတွက် နောက်ဆုံး နေ့လယ်စာ စာရင်းစာရွက် ဖြစ်သည်။ စာရွက်တွင် ဖော်ပြထားသည့် စားသောက်ဖွယ်ရာ များမှာ အမဲကင်၊ ဆော်လမွန်ငါး နှင့် ဆော့၊ ကြက်ဥနို့ပေါင်း တို့ ဖြစ်သည်။

သင်္ဘောနစ်မြုပ် ပြီးနောက် ခြောက်လခန့် အကြာတွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦးက အခြား သူများထံ ရေးသား ထားသည့် စာတစ်စောင်နှင့် သင်္ဘောပေါ်ပါ ဇိမ်ခံ ရေနွေးချိုးကန် ဝင်ခွင့် လက်မှတ် တစ်စောင် တို့ကိုလည်း လေလံတင် ရောင်းချသွားမည် ဖြစ်သည်။



စားသောက်ဖွယ် စာရင်းစာရွက် နှင့် လက်မှတ်မှာ သင်္ဘော နစ်မြုပ်စဉ် အသက်ကယ်လှေ တစ်စင်းပေါ်တွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦး၏ အိတ်ကပ် အတွင်းမှ ကျန်ရှိနေသော ပစ္စည်းများ ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger