www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

အလုပ်သမားများ၏ လုပ်အားခ တစ်ရက်ကျပ် ၃၆၀၀ အကျုံးဝင်ပြီဖြစ်၍ စက်ရုံအလုပ်ရုံတချို့ အချိန်ပို အလုပ်ဆင်းချိန် လျှော့ချလာ


ရန်ကုန် ၊ ၃-၉-၂၀၁၅

ယမန်နေ့မှ စတင်၍ အလုပ်သမား များ၏ လုပ်အားခ တစ်ရက်ကျပ် ၃၆ဝဝ ဟူသည့် သတ်မှတ်ချက် သည် စတင် အကျုံးဝင်ပြီ ဖြစ်သောကြောင့် တချို့သော စက်ရုံ အလုပ်ရုံ များတွင် အချိန်ပို အလုပ်ဆင်းချိန် များကို လျှော့ချ လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ စုံစမ်း သိရသည်။

''ဒီနေ့က စပြီးတော့ အချိန်ပို မရှိတော့ဘူး။ အရင်တုန်း ကတော့ ရှိခဲ့တယ်'' ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အတွင်းရှိ စက်မှုဇုန်၌ လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သော နှစ်က လုပ်အားခနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမား များကြားတွင် ပြဿနာများ ဖြစ်ပွားခဲ့ကာ ယခုနှစ် မေလအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ ကြားဝင်၍ တစ်ရက် အနိမ့်ဆုံး လုပ်အားခငွေ သတ်မှတ်ချက်ကို အလုပ်ရှင် အလုပ်သမားများ ဆွေးနွေးရာတွင် ကျပ် ၃၆ဝဝ သတ်မှတ်ပေးရန် အတည်ပြု ခဲ့ကြခြင်း ဖြစ်သည်။

''တချို့စက်ရုံ ပိုင်ရှင်တွေက ဒီလောက် ပမာဏကို မပေးချင် ကြဘူး။ တကယ်တော့ ဒါဟာ အခုခေတ် ကုန်ဈေးနှုန်းနဲ့ ကြည့်ရင် လုံလောက်တယ် လို့ ခေါ်လို့ မရသေးဘူး'' ဟု စက်မှုလက်မှု လုပ်ငန်း တစ်ခုတွင် အလုပ်သမား ကြီးကြပ်ရေးမှူး အဖြစ် ဆောင်ရွက် နေသူတစ်ဦး က ပြောသည်။

ယခင်က တစ်ရက်တာ အတွင်း အချိန်ပို အလုပ်ဆင်း ချိန်များ သတ်မှတ်၍ လုပ်အားခတွင် ပေါင်းထည့်ပေး သော်လည်း ယခုအခါ အလုပ်ချိန် ၈ နာရီ အထိသာ လုပ်ကိုင်ခွင့် ပြုခြင်းတို့ကို စက်ရုံ အလုပ်ရုံ တချို့ လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger