www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 11, 2015

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးနေပြီး အာမခံထားရှိမှုမှာ နိုင်ငံလူဦးရေ၏ ၁၆ ရာခိုင်နှုန်းသာရှိ



မန္တလေး ၊ ၁၁-၉-၂၀၁၅

အာမခံလုပ်ငန်း များနှင့် ပတ်သက်၍ အနောက်နိုင်ငံ များတွင် အာမခံထားရှိသူ၆ဝ ရာခိုင်နှုန်းကျော် ရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံ လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ခန့်သာရှိသဖြင့် အာမခံနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းနေပြီး ဂဃနဏ သိရှိသူ နည်းပါး နေသေးကြောင်း အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း (IKBZ) Marketing Manager ဦးမျိုးသန့်ဇော် ၏ ပြောပြချက်အရ သိရသည်။

အာမခံနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် သက်တမ်း နှစ်ပေါင်း ၅ဝဝဝ ခန့်ကြာမြင့်ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်းမှာ အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီး ကိုလိုနီစစ်သား များ၏ အသက် အာမခံထားရာမှ အာမခံ ကုမ္ပဏီများ၊ လုပ်ငန်းများ စတင် ပေါ်ပေါက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေ အရ ပုဂ္ဂလိက အာမခံ သက်တမ်းမှာ နှစ်နှစ်ရှိပြီဖြစ်ပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခု ဖွင့်လှစ် ထားကြောင်း သိရသည်။

အာမခံ ထားခြင်းသည် ရှိပြီးပစ္စည်း၊ စည်းစိမ်ဥစ္စာကို တိုးတက်အောင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသော်လည်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု များကို အာမခံထား ခြင်းဖြင့် မပျောက်မပျက် အောင် ကာကွယ်ထား နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသည် အာမခံကို မဖြစ်မနေ ထားရှိရန် လိုအပ်ကြောင်း သိရသည်။

ယခုအခါ IKBZ မှ ကုန်စည် ပို့ဆောင်ရေး အာမခံကို တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း၌ ကုန်ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ သယ်ယူသည့် ခရီးစဉ်တွင် တစ်ခေါက်အတွက် အာမခံ ထားရှိခြင်း ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်သည် သဘာဝ ဘေးအန္တရာယ် ကြောင့်သော် လည်းကောင်း၊ မတော်တဆ ထိခိုက်မိ၍ သော် လည်းကောင်း ၊ မီးလောင်၍သော် လည်းကောင်း၊ သယ်ယူ ပို့ဆောင်သည့် ယာဉ်လုံးဝ ဆုံးရှုံးသွား၍ ကုန်ပစ္စည်းများ ပျက်စီးသွားသည့် ဆုံးရှုံးမှုကို ပေးလျော်သည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger