ရန်ကုန် ၊ ၂ဝ-၈-၂ဝ၁၅
ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်း ပေါ်၌ တည်ဆောက် အကောင် အထည်ဖော်လျက် ရှိသည့် CENTREPOINT TOWERS စီမံကိန်းကို လာမည့် ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ရန်ကုန်မြို့တော် ၏ အချက်အချာ ကျသည့် နေရာ၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ တစ်ခုအဖြစ် ပေါ်ထွန်း လာမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အဆောက်အအုံ တစ်ခုနှင့် စီးပွားရေး အဆောက်အအုံ တစ်ခု ပါဝင်သည့် စီမံကိန်း ဖြစ်ပြီး ဟိုတယ် အဆောက်အအုံတွင် အခန်း စုစုပေါင်း ၃ဝဝ ပါဝင်မည် ဖြစ်ကာ Deluxe အမျိုးအစား အခန်း ၂၂ဝ ၊ Junior Suite ၇၆ ခန်း၊ Executive Suite သုံးခန်းနှင့် Presidential Suite တစ်ခန်းတို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
အလားတူ စီးပွားရေး အဆောက်အအုံတွင် Shopping Centre နှစ်ထပ်၊ အုပ်ချုပ်ရေးမှူး ရုံးခန်း နှစ်ထပ်နှင့် တခြား စီးပွားရေးဆိုင်ရာ ရုံးခန်းများ ၁၃၆ ခန်းပါဝင်သော အထပ် ၁၇ ထပ်တို့ဖြင့် ဖွဲ့စည်း တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ဝင်ထွက်ပေါက် တစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက် အကောင် အထည်ဖော်လျက် ရှိသည့် ဗီယက်နမ် နိုင်ငံမှ ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်လျက် ရှိသော Hong Anh Gia Lai Myanmar စီမံကိန်းကိုလည်း သတ်မှတ်ချက် ထက် ဆောလျင်စွာ ပြီးစီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်များ အရ သိရသည်။
အေဒီမိုး
မြဝတီနေ့စဉ် ၊ စာ(၃ဝ)
#Themyawadydaily






No comments:
Post a Comment