www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးကို ISIS အဖွဲ့က ခေါင်းဖြတ်ကွပ်မျက်



ဒမတ်စကတ် ၊ ၂ဝ-၈-၂ဝ၁၅

ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်ရာ ရှေးဟောင်း မြို့တော် အတွင်းရှိ ရောမခေတ် ဗိသုကာ လက်ရာများကို လေ့လာလျက် ရှိသည့် ဆီးရီးယား နိုင်ငံသား ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးကို ISIS စစ်သွေးကြွ များက ခေါင်းဖြတ် ကွပ်မျက် လိုက်ကြောင်း ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

ခါလစ်အာဆတ် အမည်ရှိ အဆိုပါ ပညာရှင် အမျိုးသားသည် ယူနက်စကို အဖွဲ့က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ် ထားသော အဆိုပါ အပျက်အစီးများ အနီး၌ ယခုနှစ် အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ ရပြီးနောက် ၄င်းကို ISIS စစ်သွေးကြွ များက ဓားစာခံအဖြစ် ခေါ်ဆောင် ထားခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ISIS စစ်သွေးကြွ များက အသက် ၈၂ နှစ်အရွယ် အာဆတ်ကို ခေါင်းဖြတ် ကွပ်မျက် လိုက်ကြောင်း ၄င်း မိသားစုဝင် များ၏ ပြောကြားချက်ကို ကိုးကား၍ ဆီးရီးယား နိုင်ငံဆိုင်ရာ ရှေးဟောင်း သုတေသန အဖွဲ့မှ ညွှန်ကြားရေးမှူး မာမွမ် အဗ္ဗဒူလ် ကာရင်မ် က ပြောကြား ထားသည်။ 

အာဆတ် သည် ပယ်လ်မိုင်ရာမြို့ တွင် နှစ်ပေါင်း ၅ဝ ခန့်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရောမခေတ် ရှေးဟောင်း အမွေအနှစ် နေရာ၌ပင် ခေါင်းဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

ISIS beheads 82-year-old archaeologist in Palmyra, Syrian official says

မြ၀တီနေ့စဉ် ၊ စာ(၂၉)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger