www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တွင် JICA မှ တည်ဆောက်နေသည့် ဓာတ်ခွဲခန်း ၉ ခု စက်တင်ဘာလကုန်တွင် ပြီးစီးမည်


ပျဉ်းမနား ၊ ၂၀-၈-၂၀၁၅

နေပြည်တော်ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(JICA) မှ တည်ဆောက် နေသည့် ဓာတ်ခွဲခန်း ကိုးခုမှာ လာမည့် စက်တင်ဘာ လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းများကို JICA မှ အမေရိကန် ဒေါ်လာ ၁ဝ ဒသမ ၆ သန်း အကုန်အကျ ခံတည်ဆောက် နေခြင်းဖြစ်ပြီး တည်ဆောက်မှု များကို ၂ဝ၁၄ ခုနှစ် မတ်လ၌ စတင်ခဲ့ကာ လယ်ယာသီးနှံ၊ အပင် မွေးမြူရေး၊ မြေဆီလွှာ နှင့် ရေသိပံ္ပ၊ အပင်ရောဂါ၊ ကိမိလ ဗေဒ၊ ဥယျာဉ်ခြံ သီးနှံ၊ စိုက်ပျိုး စီးပွားရေး၊ စိုက်ပျိုးရေး အင်ဂျင်နီယာ နှင့် မွေးမြူရေး ဆိုင်ရာ ဓာတ်ခွဲခန်း တို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းများ တည်ဆောက်မှု ပြီးစီးပါက ဂျပန်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍ အလိုက် ယခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၉ ခုနှစ်အထိ ငါးနှစ်ကြာ လာရောက် သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ သို့လည်း ပညာတော်သင် များ စေလွှတ် သွားမည် ဖြစ်သည်။

ယခု တည်ဆောက် နေသည့် ဓာတ်ခွဲခန်းများ ပြီးစီးသည့် နောက်ပိုင်း မြန်မာနိုင်ငံရှိ စားသောက်ကုန် များကို ကျန်းမာရေး နှင့် ညီညွတ်စေရန် စနစ်တကျ ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger