www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 13, 2015

မြန်မာ့ရုပ်သေးပညာရှင် များနှင့် ဂျပန် Bunraku ရုပ်သေးပညာရှင်များ ပညာဖလှယ်ပွဲကို ချင်းချောင်းနန်းတော် တွင် ကျင်းပမည်



ရန်ကုန် ၊ ၁၃-၈-၂၀၁၅

မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ Japan Foundation ၊ ဗန်ကောက်- ဂျပန် ယဉ်ကျေးမှု စင်တာ၊ မြန်မာနိုင်ငံ သဘင် ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ ရုပ်စုံသဘင် အသင်းတို့ ပူးပေါင်း၍ ကျင်းပသော မြန်မာ့ရုပ်သေး ပညာရှင် များနှင့် ဂျပန် Bunraku ရုပ်သေး ပညာရှင်များ ပညာ ဖလှယ်ပွဲကို သြဂုတ် ၁၈ ရက်တွင် ကမ္ဘာအေး ဘုရားလမ်းရှိ ချင်းချောင်း နန်းတော် ၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရသည်။

အဆိုပါ ပညာဖလှယ်ပွဲ တွင် ဂျပန်နိုင်ငံ Bunraku ရုပ်သေးအဖွဲ့နှင့် မြန်မာ့ရုပ်သေး သဘင်တို့၏ သမိုင်းကြောင်း၊ အတတ်ပညာ တို့ကို Lecture ပုံစံဖြင့် နှစ်ဖက် ဖလှယ်ကြမည် ဖြစ်ပြီး ဇာတ်လမ်းတို များကိုလည်း ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ Nunraku အသင်းမှ အနုပညာ ရှင်ခြောက်ဦး၊ မြန်မာနိုင်ငံ မန္တလေး ရုပ်သေးသဘင်မှ အနုပညာရှင် ၁ဝ ဦးတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ချင်းချောင်းနန်းတော် ရှိ ကမ္ဘောဇ ဇာတ်ရုံငယ်၌ ကျင်းပမည့် Bunraku နှင့် မြန်မာရုပ်သေး တို့၏ မြန်မာ-ဂျပန် ရုပ်သေး ဇာတ်သဘင် ပညာ ဖလှယ်ပွဲကို မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲ အထိ တစ်ကြိမ် ၊ ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ တစ်ကြိမ် ကျင်းပမည် ဖြစ်ပြီး စိတ်ဝင်စား သူများအနေဖြင့် ဝင်ကြေး အခမဲ့ဖြင့် လာရောက် လေ့လာနိုင်ကြောင်း ဂျပန်သံရုံးမှ ထုတ်ပြန် ထားသည်။

မင်းသန့်

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger