ရန်ကုန် ၊ ၁၀-၈-၂၀၁၅
ရေဘေးသင့် ဒေသများတွင် ရေသန့်ဆေးပြား နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် များကို ယူနီဆက်ဖ် မှဖြန့်ဝေခဲ့ပြီး အစိုးရနှင့် ပူးပေါင်းကာ ပညာပေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ယူနီဆက်ဖ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရေလွှမ်းမိုးမှု ကြောင့် အန္တရာယ် ကျရောက်နေသော ရေဘေးသင့် ပြည်သူများ အတွက် ပညာပေး သတင်း အချက်အလက် များကို ရေဒီယိုမှ တစ်ဆင့် ပညာပေး နိုင်ရန် ဆောင်ရွက်လျက် ရှိသည့်အပြင် မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက် နိုင်သည့် ရောဂါများကို ကာကွယ် နိုင်မည့် နည်းလမ်းများပါ ပြောကြား သွားမည် ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ် များနှင့် မိသားစုဝင်များ အပေါ် အဆိုးရွားဆုံး ထိခိုက် နစ်နာမှုကို ဖြစ်စေမည့် သဘာဝ ဘေးအန္တရာယ် ကျရောက် လာပါက ခံနိုင်ရည် ရှိစေရန်နှင့် ကိုယ်တိုင် ဖြေရှင်း တတ်သူများ ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် ရှိ ဒုက္ခသည် စခန်းတွင် နေထိုင်ကြသည့် ကလေးငယ် များနှင့် မိသားစုဝင် များသည် ရေကြီးမှုဒဏ် ကိုခံကြရပြီး ၄င်းတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ အပေါ်တွင် လည်း ဆိုးရွားသော အကျိုးသက်ေ ရာက်မှုများ ဖြစ်စေနိုင်ကြောင်း ယူနီဆက်ဖ် မှ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက် ဌာနေ ကိုယ်စားလှယ် က ပြောသည်။
ယူနီဆက်ဖ် အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်တွင် ကလေး သူငယ်များ အတွက် အကူအညီ ပေးရန် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၉ သန်းကို တောင်းခံ ခဲ့ရာတွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ သန်းကို
လက်ခံရရှိ ခဲ့ပြီး ကျန်ရှိငွေ ဒေါ်လာ ၁၉ ဒသမ ၃ သန်းမှာ ရေဘေးသင့် မိသားစုများ၏ လိုအပ်ချက်များ အတွက် ထည့်သွင်း စဉ်းစား ထားကြောင်း သိရသည်။
ယူနီဆက်ဖ် သည် လက်ရှိတွင် ကလေးသူငယ် သေဆုံးမှု လျှော့ချရေး၊ ကလေးသူငယ် အကြမ်းဖက်မှု၊ မလျော်မကန် ပြုမှုနှင့် ခေါင်းပုံဖြတ်မှု တို့မှ အကာအကွယ် ပေးရေးတို့ကို နိုင်ငံတော် အစိုးရ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၆)
#Themyawadydaily





No comments:
Post a Comment